Cha-57

5.7K 1.1K 66
                                    

[Unicode]

"မင်း..မင်းက တီဗီထဲကပါပါရာဇီလို့ခေါ်တဲ့သူလား?"

သူဟာ သတင်းထောက်များကို အထက်အောက်၊အစုံအဆန် ကြောင်တိကြောင်တောင် စိုက်ကြည့်လို့နေသည်။

"နိုး နိုး နိုး ကျွန်တော်တို့မဟုတ်ရပါဘူး" သူတို့ဟာ ထိုခေါင်းစဉ်ကို လက်တခါခါငြင်းဆိုကြပြီး သူတို့မိုက်ခရိုဖုန်းပေါ်က ကိုယ်ပိုင်အမှတ်တံဆိပ်ကိုညွှန်ပြ၏။

"ကျွန်တော်တို့က Haicheng TV က သတင်းထောက်တွေပါ"

"ဒါကအနည်းနဲ့အများတော့ အတူတူပါပဲ" ထိုရွာသားသည် အတန်ကြာလက်ဝှေ့ယမ်းပြီးနောက်တွင် ရပ်တန့်သွားရပြီး သူတို့အနီးနားသို့ လျှို့ဝှက်ဆန်းကြယ်စွာချဉ်းကပ်လာ၍

"မင်းတို့က ချင့်ဟွမ်အကြောင်းစုံစမ်းမေးမြန်းဖို့ ဒီကိုရောက်လာကြတာ ဟုတ်တယ်မလား? သူ့အကြောင်း ကွိစိကွစ,ဘာညာသာရကာလေးတွေ သိချင်လား?"

ခေါင်းကိုအကြိတ်အနယ်ညိတ်ပြနေတဲ့ သတင်းထောက်တွေကိုကြည့်ရင်း ထိုရွာသားမှာ ဆိုင်ငယ်လေးတခုဆီသို့ လက်ညှိုးညွှန်ပြပြီး ဆိုလေသည်။

"ဟိုမှာ သူ့အသည်းကျော် သုံးရောင်ခြယ်ကြောင်ကလေး၊ ဓာတ်ပုံရိုက်သွားချင်သလား?"

သတင်းထောက်များ "..."

ဒီရွာကဘာလဲဟ? ရွာသားတစ်ဦးချင်းစီတိုင်းက ဒရာမာကွင်းကဲ့သို့ အဘယ်ကြောင့်ပြုမူနေရသနည်း? ဘယ်သူက သုံးရောင်ခြယ်ကြောင်ကို ဓါတ်ပုံရိုက်ချင်မှာတဲ့လဲ?!"

တစ်ချိန်တည်းမှာပင် ဗီဒီယိုပေါ်က အချိန်နှင့်တစ်ပြေးညီ ကောမန့်များမှာ ရယ်မောသံတသောသောဖြင့် ပြည့်လျှံနေခဲ့သည်။

[ဟားဟားဟား၊ သုံးရောင်စပ်ကြောင်! ချင့်ဟွမ်ရဲ့ လျှို့ဝှက်ချက် ရုတ်တရက်ထုတ်ဖော်ခံလိုက်ရပြီ!]

[အလွန်အံ့အားသင့်တုန်လှုပ်ဖွယ်! ထိပ်တန်းနာမည်ကြီး အမျိုးသားအနုပညာရှင်တယောက်မှ ဆိုင်ငယ်လေးတဆိုင်သို့ ခိုးကြောင်ခိုးဝှက်သွားရောက်ရသည်မှာ တကယ်တမ်းတော့ ... ]

[ဟားဟား! ငါတော့ သေလောက်အောင်ရယ်နေရပြီ! ဒီဇာတ်လမ်းဇာတ်ကွက်က အရမ်းကိုမှစည်းချက်ကိုက်ပြီး အနိမ့်အမြင့်၊အတက်အကျတွေနဲ့ ပြည့်စုံနေတယ်! ထူးကဲပြောင်မြောက်ချက်!]

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now