Part - 1 (Unicode)

13.2K 529 31
                                    

"အိမ်ပြေး"

အိမ်ပြေးတစ်ယောက်ဟာ
တစ်နာရီကို ဘယ်နှမိုင်နှုန်းဖြင့်
ခပ်ဝေးဝေးသို့ ပြေးနိုင်ပါသလဲ။

ကျွန်တော်ကတော့ အိမ်ရဲ့အဝေးကို
တတ်နိုင်သမျှထက်ပို၍
ခပ်ဝေးဝေးပြေးဖြစ်ပါတယ်။

>>>>>>>>>

အဝေးပြေးကားကွင်းထဲတွင် အထုပ်ကိုယ်စီဆွဲလို့
လိုရာခရီးသို့ ရွက်လွှင့်ရန် လှုပ်ရှားသွားလာနေကြပုံကို
မနက်ခင်းရောင်ခြည်အောက်တွင် သက်ဝင်ပန်းချီကားသဖွယ် မြင်တွေ့ရသည်။

ကားထွက်မဲ့အချိန် ကျရောက်လာပြီမို့
ကျွန်တော့် ဘေးခုံကလွဲ၍ ကားပေါ်မှာ လူစုံနေပြီဖြစ်သည်။

ကားမောင်းသူအမျိုးသားက ကျွန်တော်ထိုင်နေတဲ့ နောက်ဆုံးတန်းသို့ လှည့်ကြည့်လာသည်။ ပြီးတော့
လက်တွင်ပတ်ထားတဲ့ နာရီကို တစ်ချက်ကြည့်သည်။

အချိန်နဲ့အချိန် လုပ်ငန်းဆောင်ရွက်ကြသည့် နိုင်ငံတွေမို့
ကားထွက်ဖို့ရန် ပြင်တော့သည်။ ကားထွက်တော့မည်မို့
ကျွန်တော့်ရဲ့ အကြည့်တို့ကို မှန်တံခါးမှတဆင့်
မြင်တွေ့ရသည့် ပြင်ပမြင်ကွင်းတို့ဆီ ပို့လိုက်သည်။
ဂီယာတစ်ချက်ထိုးလိုက်တာကြောင့် ကားက ငြိမ့်ခနဲဖြစ်သွား၏။

ကားဟာ တရွေ့ရွေ့ဖြင့် စထွက်သည်။ လူမျိုးမတူ၊ ဘာသာမတူ၊ အသားအရောင်မတူ၊ ဘာသာစကားမတူ၊
မတူညီသည့် လူမျိုးစုတွေကြားထဲ ဒဏ်ရာတွေကို
အထုပ်အထည်နဲ့ သိမ်းဆည်းလို့ အိမ်ရဲ့အဝေးကို ထွက်ပြေးခဲ့တာ ငါးနှစ်တာ။

အိမ်ပြန်အလာကို စောင့်မျှော်နေမဲ့ အမေမရှိ၊
ဂရုစိုက်ဖို့ မှာကြားမဲ့ အဖေမရှိ၊ အဆင်ပြေရဲ့လား သတင်းလှမ်းမေးမဲ့ မောင်နှမ မရှိ။ အထီးကျန်မှု့တွေပါ
အပိုဆောင်း ထုပ်ပိုးလို့ ခြေဦးတည့်ရာကို ခရီးဆက်ရပြန်သည်။

Shit!

What happen?

ကားဘရိတ် စောင့်အုပ်လိုက်ခြင်းကြောင့် ကားပေါ်တွင်
ဘာသာစကားမျိုးစုံဖြင့် မေးခွန်းတွေ ထွက်ပေါ်လာ၏။
အများစုဟာ နိုင်ငံရဲ့ ဘာသာစကားဖြစ်သည့် အာဖရိကန် (Afrikaans) ဘာသာစကားသံများကို ပို၍ကြားရသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now