Part - 19 (Unicode)

2K 241 9
                                    

မခွဲအတူ

>>>>>>

နာကျင်စရာ ပုံပြင်တစ်ပုဒ်ကို ဒုတိယအကြိမ်မြောက် နားထောင်ရခြင်းဖြစ်သော်လည်း ပထမအကြိမ်နည်းတူ ရင်ထဲ မွန်းကြပ်ခြင်းတွေသာ ကျန်နေရစ်ခဲ့သည်။

ချစ်ခြင်းမေတ္တာတွေ စစ်မှန်ပါရဲ့နဲ့ လူနှစ်ယောက် ပေါင်းဖက်ဖို့ ဒီလောက်တောင်များ ခက်ခဲရသလား။

အချစ်စစ်တို့မည်သည် ခက်ခဲ၏ဆိုတဲ့ စကားကို ကျွန်တော်တော့ လက်မခံချင်ဘူး။ ချစ်ခရီးလမ်း ဖြောင့်ဖြူးသူတွေ ရိုက်သတ်လို့တောင် ကုန်မှာ မဟုတ်ပါဘူး။ အဖြေရှာမရတဲ့ အဆုံး ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ရုံရှိတော့သည်။ ချစ်ရသူနဲ့ ကွေကွင်းရမဲ့ကံတွေ ပါလာကြလို့ပေါ့။

"ဖွားဖွားအပြစ် မဟုတ်ပါဘူး။ ဝဋ်ကျွတ်သွားတာပါ။ သူငြိမ်းချမ်းသွားတာ။ "

​အန်ရီကိုက ပြောရင်း ငိုရှာသည်။ မြေးအဖွားနှစ်ယောက် ဖက်ငိုကြတာကို ကြည့်ရင်း ကျွန်တော်နဲ့ အန်တီမေသစ်ရဲ့ မျက်နှာလည်း မကောင်း။

အန်ရီကို့ရဲ့ စကားဟာ ရာနှုန်းပြည့် မှန်ပါသည်။ အသက်ဆက်ရှင်သွားရရင်လည်း သေလူတစ်ယောက်လို နေသွားရမဲ့တူတူ သေသွားတာ သူ့အတွက် ငြိမ်းချမ်းတာပဲလို့ ကိုယ်ချင်းမစာတမ်းသာ ဆိုချင်သည်။

"အဲ့ဝဋ်က ကျွတ်သွားတာကို သူပျော်မှာ မဟုတ်ဘူး သားသားရယ်။ သူက သားသားတို့ဆီ သိပ်ပြန်လာချင်ခဲ့တာလေ။"

အန်ရီကိုက ငိုနေတာကို မရပ်တန့်ပေ။
ရင်ထဲမှာ တစ်စထက် တစ်စ ပိုတင်းကြပ်လာလိုက်တာ။ ငိုချင်တာတောင် မျက်ရည်မကျတော့သည်အထိ ကျွန်တော် ခံစားနေရ၏။ ကိုယ်ချစ်တဲ့သူတွေရဲ့ မျက်ရည်ကို မြင်တဲ့အခါ ထပ်တူနာကျင်ကြရတာပါပဲလား။

"ဖြစ်နိုင်မယ်ဆိုရင် ဖေဖေ့ရဲ့ အရိုးပြာအိုးကို ရချင်တယ်။ ဖေဖေ့ရဲ့ချစ်သူကို ပေးဖို့။ သူက သိပ်အထီးကျန်ရှာပါတယ်"

အန်ရီကိုက ဆွေးဆွေးမြေ့မြေ့လေး ပြောတဲ့အခါ အဖွားက ခေါင်းတညိတ်ညိတ်။

"သိမ်းထားပါတယ် သားသားရယ်။ သားငယ်ဆီကိုများ သူလာတဲ့အခါ သူ့ကိုပေးဖို့ သိမ်းထားတာပါပဲ။ အေးလေ နာစရာတွေက သိပ်များခဲ့တာကိုး။ သားသားအကြောင်းကို ပေးမသိတာပဲ ကြည့်လေ။ သူလည်း ဒီအမျိုးကို တအားနာခဲ့မှာပါ"

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now