Part - 7 (Unicode)

2.7K 281 25
                                    

"လောက သဘာဝ"

>>>>>>>

ပင်လယ်ပြင်မှ တိုက်ခတ်လာတဲ့ လေက ယခုမှ နေကောင်းခါစ ကျွန်တော့်အတွက် အချမ်းပိုစေပါသည်။
ဆိပ်ကမ်းကို ဒုတိယအကြိမ် ရောက်ရှိလာရပြန်သည်။

ပူသည်၊ အေးသည်ကို ဂရုမစိုက်ဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် နေလာခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပေါ်ရှိ အနွေးထည်က အန်ရီကို့အကျႌသာ ဖြစ်၏။

"သေချာ ချိန်းထားရဲ့လား"

တစ်စုံတစ်ယောက်နဲ့ ချိန်းဆိုထားပုံရပြီး ချိန်းဆိုထားချိန်ထက် ငါးမိနစ်ကျော်နေပြီဖြစ်တာကြောင့့် နာရီကို တကြည့်ကြည့် လုပ်နေတဲ့ အန်ရီကိုက ရို့စ်အား မေးသည်။

"သေချာပါတယ် ဟိုရက်က နင်မအားလို့ ဒီရက်ကိုရွှေ့ကြောင်း ငါ သေချာ မေးလ်ပို့ထားပါတယ် သူကလည်း လက်ခံကြောင်း အကြောင်းပြန်တယ်"

ကျွန်တော် အားနာမှာစိုးတဲ့ ရို့စ်က ကျွန်တော် နေမကောင်းလို့ ပြုစုနေရတယ်လို့ မပြောဘဲ အန်ရီကို အလုပ်ရှုပ်နေတာကြောင့်လို့သာ ပြော၏။ ကျွန်တော့်ကြောင့် အလုပ်နားထားရတယ်ဆိုတာ သိနေတော့ အားနာရတာပါပဲ။

"ဟိုမှာ လာပြီ"

ကျွန်တော်တို့ ရှိရာဆီသို့ လူနှစ်ယောက်လာနေ၏။

"ဟိုတယ်က ထွက်လာခါနီးမှ ကိစ္စလေးတစ်ခုပေါ်လာလို့ နောက်ကျသွားတယ် အန်ရီကို ငါ မင်းကို တွေ့ချင်နေတာ အခုမှပဲ အပြင်မှာ တွေ့ရတော့တယ်"

ပါးစပ်က အန်ရီကိုလို့ နာမည်တပ်ပြောနေပေမဲ့ လက်နှစ်ဖက်ကို ဆန့်လို့ ထိုလူက ကျွန်တော့်ဆီကို ဦးတည်လာနေ၏။

"အန်ရီကိုက သူ "

ရို့စ်က ကျွန်တော့်အရှေ့မှ ပိတ်ရပ်ပြီး ပြောလေ၏။
နှုတ်ဆက်ကြရင်တောင် အနမ်းနဲ့ နှုတ်ဆက်ကြတဲ့ သူတို့တွေအတွက် ဖက်တာက သိပ်ပြီးမထူးခြားပေမဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်အတွက်တော့ နေရကြပ်စေပြီး ယခုအချိန်မှာ ရို့စ်က ကယ်တင်ရှင်ကြီးလို ဖြစ်နေတော့သည်။

ဒီတစ်ခေါက် လှေပေါ်တက်ချိန်မှာ ကျွန်တော့်ဆီကို မတူညီသည့် လူနှစ်ယောက်က လက်ကမ်းသည်။ ယခုမှ စတွေ့သည့် သူစိမ်းတစ်ယောက်နဲ့ အန်ရီကိုရဲ့ လက်တို့က ကျွန်တော့်ကို လက်ကမ်းလာ၏။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now