Part - 21 (Unicode)

2.1K 254 15
                                    


သဲလွန်စ - ၂

>>>>>>

ဘုန်းကြီးဆွမ်းကပ်မယ်လို့ ရည်ရွယ်လိုက်တဲ့ နေ့ကတည်းက သိမ်းလိုက်ရတဲ့ အိမ်ဟာ ကျွန်တော်နဲ့ အန်ရီကိုပင် မနိုင်လို့ အနီးအနားပတ်ဝန်းကျင်ကို မေးမြန်းပြီး အလုပ်သမား ငှားရမ်းရသေး၏။ အိမ်ထဲကို ရှင်းရတာ ပြဿနာ မရှိပေမဲ့ ခြံထဲမှာ ထူထပ်နေတဲ့ ခြုံတွေကို ရှင်းဖို့က နှစ်ယောက်တည်းနဲ့ အခက်တွေ့စေသည်။

"ဟို...အလုပ်သမားတွေအတွက် နေ့လည်စာရပြီ"

ကျွန်တော့် စကားအဆုံး အန်ရီကို့ဆီက မချိုမချဥ် မျက်နှာပေးနဲ့ အပြုံးတစ်ခုရလိုက်၏။ ဒီရက်ပိုင်းထဲမှာ အန်ရီကိုနဲ့ ကျွန်တော့်ကြား ပြဿနာတစ်ခု ဖြစ်နေသည်။ တခြားတော့ မဟုတ်။ အခေါ်အဝေါ် ကိစ္စပင်။ 'ခင်ဗျားဆိုတဲ့ နာမ်စားကြီးကို မပြောင်းပေးသေးဘူးလား'လို့ မေးလာသူကြောင့် အန်ရီကိုနဲ့ စကားပြောတိုင်း ကျွန်တော့်မှာ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ဖြစ်လို့နေသည်။ ကျွန်တော့်ရဲ့ ဒီပုံစံကိုပဲ သူကလည်း သဘောကျပြီး ထထရယ်နေတတ်သေးသည်။

"ဒီCCTVက ဖြုတ်မှာလား အိမ်ကို ဆေးပြန်သုတ်မယ်ဆို"

ခြံရှင်းကူတဲ့ အလုပ်သမားတွေအတွက် ဆိုင်ကမှာထားပေးသည့် ထမင်းနဲ့ဟင်းတွေကို လက်ပြောင်းယူရင်း မေးလာသည်။ ကျွန်တော် CCTV cameraကို တစ်ချက်မော့ကြည့်လိုက်မိ၏။ ငါးနှစ်တောင် ရှိပြီမို့ ကောင်းဖို့ မသေချာပေမဲ့ မှတ်တမ်းတွေကတော့ ဖေဖေ့ စာကြည့်ခန်းထဲက ကွန်ပျူတာမှာ ရှိလိမ့်မည်။

CCTVနဲ့ ဆက်စပ်ပြီး ဖေဖေ့အကြောင်း တွေးမိတော့ ရင်ထဲ စိတ်မကောင်းဖြစ်ရပြန်သည်။ ခရီးသွားနေတယ်လို့ အမြဲ အကြောင်းပြတတ်ပေမဲ့ CCTVတပ်ထားပြီး အိမ်ကို ဘယ်သူဝင်တယ်၊ ဘယ်သူထွက်တယ်ဆိုတာ အမြဲစောင့်ကြည့်ရင်း ဘယ်လိုတွေ ခံစားနေခဲ့ရမလဲ။ ဒါလည်း ဖေဖေလုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်ခံစားရတာပါပဲ။ ခေါင်းတစ်ချက် ရမ်းရင်း....

"ဖြုတ်မယ် ။ အသုံးပြုခဲ့တုန်းက Recordတွေကတော့ ဖေဖေ့ ကွန်ပျူတာထဲ ရှိလိမ့်မယ်။ မနက်ဖြန်မှ ဖေဖေ့အခန်းရှင်းရင်း ကြည့်တော့မယ်။ အဲ့တာတွေပေးပြီးရင် ထမင်းလာစားတော့လေ ပြင်ထားပြီးပြီ။ ထမင်းစားပြီးရင် ကျွန်တော်လည်း ညီလေးအခန်းရှင်းမလို့။"

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now