Part - 18 (Unicode)

2.1K 243 15
                                    

မခွဲအတူ

>>>>>>

လက်ထဲက လိပ်စာကဒ်ကလေးကို အတော်ကြာအောင် ကြည့်နေမိသည်။ လိပ်စာကဒ်ပေါ်က ဖုန်းနံပါတ်ကို ကျွန်တော် မဆက်သွယ်ဖြစ်တာ ငါးနှစ်ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ကရော အမြဲတမ်း ဆက်သွယ်နေခဲ့သလား မေးရင် လက်တစ်ဖက်တောင် မပြည့်ဟုပဲ ကျွန်တော့်မှာ အဖြေရှိသည်။ အမေနဲ့ ကျွန်တော့်ရဲ့ ကြားက ဆက်ဆံရေးဟာ ထိုမျှအထိ အေးစက်ပါ၏။

ဖုန်းနံပါတ်များ ပြောင်းသွားပြီလား၊ ပြောင်းသွားလို့ အိမ်ကို တန်းသွားရင်ရော အကြောင်းမကြားဘဲ လာတယ်ဆိုပြီး ငြိုငြင်နေမလား။ အမေနဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့ စိတ်မလုံခြုံမှု့က ထင်တာထက် ဆိုးနေသည်။ ခေါင်းထဲမှာ အတွေးများနဲ့ ချာချာလည်နေ၏။

နောက်ထပ် တွေးလိုက်မိတဲ့ အကြောင်းအရာက မေမေ့မှာ သက်ဆိုင်သူနဲ့ ရတဲ့ ရင်သွေးများရှိနေပြီလား။ တွေးကြည့်တာထက် ပြေးကြည့်တာ ပိုမြန်သည်ဆိုပေမဲ့ ကျွန်တော့်မှာ အတွေးပေါင်း မြောက်များစွာနဲ့ပင်။

တုန်ယင်နေတဲ့ လက်နဲ့ ဂဏန်းလေးတွေကို နှိပ်လို့ ခေါ်ဆိုလိုက်မိ၏။ ဖုန်းစပီကာမှ စက်ပိတ်ထားပါတယ်ဆိုသည့် အသံအစား ဖုန်းဝင်သံ ထွက်ပေါ်လာချိန်တွင်လက်ဖျား၊ ခြေဖျားတွေ အေးစက်လာသည်။

"ဟဲလို ဒေါ်ယမင်းဖြူ ပြောနေပါတယ်"

တစ်ဖက်ဖုန်းသံမှ ထွက်ပေါ်လာတဲ့ အသံ။ မိခင်ဆိုတဲ့ တော်စပ်မှု့ဟာ အသံလေးကြားရုံနဲ့တင် နွေးထွေးသွားစေတာကိုတော့ ဝန်ခံရမည်။ အသက်ငါးဆယ်နား နီးပြီဖြစ်တဲ့ မေမေ့အသံဟာ တည်ငြိမ်ခြင်း၊ ရင့်ကျက်ခြင်းတွေ ကပ်ပါနေ၏။

"မေ..မေမေ"

စကားသံဟာ ထစ်ထစ်ငေါ့ငေါ့။ တစ်ဖက်က ခေတ္တမျှ အသံတိတ်သွားသည်။

"ဗိုလ်..ဗိုလ်ဗိုလ်လား"

မေမေ့ဆီမှ ထွက်လာတဲ့ အသံဟာလည်း ကျွန်တော့်နည်းတူ အထစ်အငေါ့။ ဒီလို ခေါ်တဲ့ အသံကို မကြားခဲ့ရတာ ငါးနှစ်။ ငါးနှစ်ရှိသွားပြီ။

"ကျွန်တော် လာတွေ့ချင်လို့ အားလား မေ..မေ"

'နေကောင်းလား' 'ကျန်းမာလား'ဆိုတဲ့ မေးခွန်းတွေထက် ကျွန်တော် ပြောလိုက်မိတာ တွေ့ချင်တဲ့ အကြောင်းသာ ဖြစ်သည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now