Part - 17 (Zawgyi)

660 30 1
                                    


ပိုင်ဆိုင်လိုခြင်း

>>>>>>

ရင်ခုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းထက် ရင်ထဲမှာ ကြောက်ရွံ့ခြင်းတွေသာ ကြီးစိုးနေသည်။ နှစ်အတော်ကြာမှ မြန်မာပြည်သို့ ပြန်ရမည်မို့ စိတ်လှုပ်ရှာခြင်းဆိုတာထက် ကျွန်တော့်ရဲ့ နှလုံးသားရေးရာ ပြောင်းလဲသွားနိုင်သည့် ခရီးတစ်ခုမို့ ကြောက်စိတ်က ပိုများနေသည်။

"ဟင်း..."

ကျွန်တော့်ရဲ့ သက်ပြင်းရှည်ကြီး ချသံဟာ အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ခုတင်ခြေရင်းရှိ ဘီရိုနားတွင် ထိုင်၍ အထုပ်အပိုးပြင်နေတဲ့ အန်ရီကိုပင် ကျွန်တော့်အား စူးစမ်းလာ၏။

အထုပ်တစ်ထုပ်နဲ့ ဖြစ်ချင်ရာဖြစ် နိုင်ငံတကာ ပတ်နေတဲ့ ကျွန်တော့်အတွက် ထုပ်ပိုးစရာဟူ၍ ရေရေရာရာ မရှိပေမဲ့ အန်ရီကိုကတော့ မတူ။ ဆေးခွင့်တင်ပြီး မြန်မာပြည်မှာ တစ်လလောက် နေမည်မို့ လိုအပ်တာတွေ သေချာထည့်နေသည်။ အသက်သုံးဆယ်မှ ပထမဆုံး တွေ့ရမဲ့ အဖွားအတွက်လည်း လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်နေရ၏။

ဒီကြားထဲ ခရီးသွားခါနီး မအီမသာနဲ့ ခုတင်ပေါ် ထိုင်နေတဲ့ ကျွန်တော့်အား သူ့မှာ အရိပ်တကြည့်ကြည့် ကြည့်နေရပြန်သည်။

"စိတ်ထဲ ဘာတွေဖြစ်နေလဲ ကိုယ့်ကိုပြော"

အန်ရီကိုက သူ့ရဲ့ အထုပ်အပိုးကို ထားခဲ့ပြီး ကျွန်တော်ထိုင်နေသည့် ခုတင်နားသို့ ထလာသည်။ သြဇာညောင်းလှတဲ့ ယောကျာ်းသံ ပီပီသသ။ ကျွန်တော့်ရင်ထဲ နွေးသွားသည်။ လုံခြုံသွားသည်။ ခံစားနေရတာတွေကို အန်ရီကို့ဆီမှာ ဖွင့်ချပြလိုက်လျှင် ကျွန်တော့်ကို ဘယ်လိုများ နှစ်သိမ့်ပေးမှာပါလိမ့်။

"ကြောက်တယ်..."

"ဘာကို ကြောက်တာလဲ"

ကျွန်တော့် ခြေထောက်နားမှာ ဒူးတုပ်ထိုင်၍ ကျွန်တော့်လက်နှစ်ဖက်ကိုပါ ခပ်ဖွဖွ ဆုပ်ကိုင်ထားပေးသည်။

"အကုန်လုံးကိုပဲ။
ခင်ဗျားနဲ့အတူ ပြန်မလိုက်လာနိုင်မှာကိုရော၊ တစ်စုံတစ်ယောက်ကို ချစ်ဖို့ လက်လျှော့လိုက်မိမှာကိုရော"

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now