Part - 6 (Zawgyi)

923 42 0
                                    

"ပင်လယ်ပြာရဲ့ တေးသွား"

>>>>>>>>>

ဖျံကျွန်းနဲ့ အနည်းငယ်လှမ်းတဲ့ နေရာဆီသို့ အန်ရီကိုတို့က နေရာရွှေ့ကြသည်။

အန်ရီကိုတို့ရဲ့ အလုပ်နဲ့ ပက်သက်ပြီး အကျွမ်းတဝင်မရှိတဲ့ ကျွန်တော်က ခေါ်ဆောင်ရာနောက်ကို လိုက်ရုံသာ။
ရေလယ်ခေါင်လောက်ရှိမည့် နေရာကို မှန်းဆပြီး လှေကို ရပ်သည်။

ဒီတစ်ကြိမ်မှာတော့ သူတို့ အသုံးပြုဖို့ ပြင်ဆင်တဲ့ ပစ္စည်းက လူနှစ်ယောက် မတ်တပ်ရပ် အနေအထားဖြင့် ဝင်ရောက်နိုင်သည့် သံလှောင်အိမ် ဖြစ်၏။ ဒီတစ်ခါရော ဘာတွေလုပ်ကြဦးမှာပါလိမ့်။ ကျွန်တော်သာဆို ဒီလောက် အန္တရာယ်များပြီး အသက်မသေပါဘူးလို့ အာမခံချက်မရှိတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ အန်ရီကိုတို့ အတွက်ကျ ရေထဲမှာရှိနေတဲ့ သတ္တဝါတွေရဲ့ အသံက တေးသွားတစ်ပုဒ်ဖြစ်နေပြီး ထိုသတ္တဝါတွေကို မြင်နေရခြင်းကပဲ ပျော်ရွှင်မှု့ဖြစ်နေ၏။
ကျွန်တော်နဲ့ အမြင်မတူတိုင်း လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု့၊ ရူးသွပ်မှု့၊ အိပ်မက်တွေကို မကောင်းဘူးလို့ ပြောလို့ မရပြန်ဘူး။

အန်ရီကိုတို့လို ဒီအလုပ်ကို စိတ်ဝင်စားတဲ့သူ မရှိရင် ကမ္ဘာကြီးရဲ့ ပြောင်းလဲမှု့ဖြစ်စဉ်တွေ ဇီဝမျိုးကွဲတွေ အကြောင်း ကျွန်တော်တို့ သိရမွာ မဟုတ်ဘူး။

ကျွန်တော် အတွေးလွန်နေခိုက်မှာပဲ သံလှောင်အိမ်ကို ရေထဲချနေကြပြီ။ လေးဖက်စလုံးမှာ သံချိတ်တွေနဲ့ ချိတ်ဆွဲပြီး အောက်ဆုံးထိ မချသေးပဲ လှေနဲ့ တန်းတူဖြစ်အောင် ကြိုးကို ထိန်းကိုင်ထားသေး၏။

ရေထဲဆင်းမဲ့ဟန်ရှိတဲ့ အန်ရီကိုက အဝတ်တွေ အားလုံးကို ချွတ်ချလိုက်တာကြောင့် အောက်မှာ ခံဝတ်ထားတဲ့ ရေကူးဝတ်စုံသာ ရှိတော့သည်။ ကိုယ်ခန္ဓာနဲ့ ကွက်တိကျတဲ့ ဝတ်စုံက ကြည့်ကောင်းလှတဲ့ ခန္ဓာကိုယ်ရဲ့ တောင့်တင်းမှု့ကို မီးမောင်းထိုးပြနေ၏။

"ဗိုလ်ဗိုလ် ထ​လေ cocoနဲ့ လိုက်ရအောင် ကိုယ်တို့က အမြဲမြင်တွေ့ဖူးနေတာမို့ မလိုက်ဘူး"

ကျွန်တော့်ဘေးမှာ ရှိတဲ့ အောက်စီဂျင်ဗူးကို ယူပြီး အဲလက်စ်က ပြော၏။ ကျွန်တော့်ကို ကျွန်တော် လက်ညှိုးထိုပြီး ကျွန်တော်လိုက်ရမှာလားလို့ ပြန်မေးမိသွား၏။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now