Part - 27 (Zawgyi)

565 27 0
                                    

"လွန်ဆွဲခြင်း"

>>>>>>>>

ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေကို အားယူကာ ဖွင့်ရသည်။ မြင်ကွင်းထဲ အရင်ဝင်ရောက်လာတာသည် မျက်နှာကျက်ဖြူဖြူ ဖြစ်၏။ ရှူရှိုက်နေရသော လေထုတွင်လည်း ပိုးသတ်ဆေးနံ့ ခပ်သင်းသင်းက နေရာယူထားသည်။

ဒါ ဘယ်နေရာလဲ။

ကျွန်တော့် ဦးနှောက်ကို ခပ်မြန်မြန် အလုပ်ပေးလိုက်ရသည်။ ကျွန်တော် နောက်ဆုံးဖြစ်ပျက်ခဲ့တာတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာ ရုပ်ရှင်ပြကွက်တစ်ခုလို ပြန်မြင်ယောင်လာသည်။ နောက်ဆုံး ကျွန်တော် မေ့လဲသွားခဲ့သည်။ ဒါဆို ယခုရောက်နေတဲ့ နေရာသည် ဆေးရုံဖြစ်နိုင်သည်။ ဘေးနားတွင် လူတချို့ရဲ့ အသံကို ကြားနေရသည်။

"ဗိုလ်ဗိုလ် သတိရလာပြီ။ ဆရာဝန်သွားခေါ်"

အသံလာရာ ခုတင်ဘေးကို ယခုမှ လှည့်ကြည့်မိသည်။ အန်ရီကိုသည် ကျွန်တော့်အား တွေတွေကြီး စိုက်ကြည့်နေသည်။ အနားလာခဲ့ဖို့ လှမ်းခေါ်ရန် ပြင်နေစဉ်မှာပဲ ဆရာဝန်နဲ့ သူနာပြုတွေ ဝင်ရောက်လာတာမို့ ကျွန်တော် အာရုံပြောင်းသွားသည်။
ဆရာဝန်နဲ့အတူ အခန်းထဲ ဝင်ရောက်လာသူက သျှံ။ ဟုတ်သားပဲ ကျွန်တော် မမေ့သွားခင်က သျှံလည်း ရှိနေခဲ့သည်။

"အရင်တစ်ခေါက်က ပြောသလိုပဲ ရှော့ရသွားတာမျိုးပါ။ ဓာတ်မှန်ထဲမှာတော့ ဘာမှထူးခြားတာ မတွေ့တာမို့ စိတ်ပူစရာ မရှိပေမဲ့ တစ်နေရာရာကများ နာကျင်တာမျိုးရှိရင် ပြောနော်။ ဒီလိုမျိုး ခဏခဏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရင် ကျွန်တော် ဆရာဝန်နဲ့ ဆွေးနွေးဖို့ တိုက်တွန်းရတော့မယ်။"

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော့် အခြေအနေက စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆွေးနွေးရဖို့ လက်တစ်ကမ်းအလိုဖြစ်နေပြီ။ အကြည့်တွေက ဆရာဝန်ရဲ့ နောက်တွင် တောင့်တောင့်ကြီး ရပ်နေတဲ့ အန်ရီကို့ထံသို့ ရောက်သွား၏။

"လူနာလည်း သတိရလာပြီဆိုတော့ အဲ့ဒီရုပ်ကြီး လုပ်မနေပါနဲ့တော့ဗျာ"

ဆရာဝန်ကပါ အခန်းထဲက ထွက်ရင်း အန်ရီကိုအား စသွားသည်။ သျှံကလည်း လက်ဟန် ခြေဟန်နဲ့ အမူအယာပြကာ အန်ရီကို့အားချော့ဖို့ ပြောပြီး အပြင်ထွက်သွားပေးသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now