Part - 2 (Zawgyi)

2.3K 43 2
                                    

"Insomnia"

>>>>>>

ကျောက်ဆောင်တွေက ဟိုတယ်နဲ့ မော်ဆယ်ပင်လယ်ကြားတွင် တံတိုင်းသဖွယ် တည်ရှိနေ၏။
ကောင်းကင်တွင် ကြယ်ရောင်၊ လရောင်တို့အစား လျှပ်စီးကြောင်းတွေက အစားထိုးဝင်ရောက်နေသည်။ ကျောက်ဆောင်ကို ရိုက်ခတ်နေသော လှိုင်းလုံးဖွေးဖွေးတို့ရဲ့ အသံက သာမန်ထက်ပို၍ ကျယ်လောက်စွာ ထွက်ပေါ်နေ၏။

အချိန်ကား ညကိုးနာရီရှိပြီ။

မိုးက ယခုထိ မစဲသေးသော်လည်း သည်းနေခြင်းလည်း မရှိတော့။ ဟိုတယ်ခန်း ဝရံတာဘောင်မှာ လက်တင်၍ ပင်လယ်ပြင်ကို ငေးနေတဲ့ ကျွန်တော့်မျက်နှာကို လေအဝေ့မှာပါလာတဲ့ မိုးစက်လေးတွေက လာရောက် ကျီစယ်နေ၏။

အခန်းထဲရှိ Anyeco Arkhiဆီက အလုပ်ကိစ္စ ဖုန်းပြောသံကို ကြားနေရသည်။ ကျွန်တော်နဲ့သာ မတွေ့ဆုံခဲ့လျှင် ထိုလူက သူ့အစီအစဉ်နဲ့သူ ရှိပုံပေါ်သည်။
တစ်ဖက်လူအား အကြောင်းကြောင်းကြောင့်
The Pointမှာ တည်းလိုက်ပြီဖြစ်ကြောင်းနဲ့ ရာသီဥတုအခြေအနေကောင်းမှ အလုပ်စမည်ဖြစ်ကြောင်း ပြောသံကြားရ၏။

Anyecoထိုင်နေတဲ့ ဆိုဖာရဲ့ တစ်ဖက်စွန်းမှာ ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ လက်တစ်ဝါးကျော်ကျော် အယ်လ်ကိုဟော ပုလင်းထဲက အရည်တို့ကို ခွက်ထဲသို့ ပြောင်းထည့်လိုက်သည်။ ဖုန်းပြောပြီးသွားတဲ့ Anyecoက စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေသည်။ Anyecoရဲ့ အကြည့်တွေက တစ်ချက်တစ်ချက်တော့ ကျွန်တော်ဆီ ရောက်လာပါ၏။

အရက်ခွက်ကို ချ၍ ကျွန်တော် အစားထိုးကိုင်မိတာ စီးကရက်ဗူးဖြစ်သည်။ ကျွန်တော့်ပုံစံက တစ်စုံတစ်ယောက်ဆီက အာရုံစိုက်မှု့ရချင်နေတဲ့ လူတစ်ယောက်နဲ့ တူမနေဘူးလား။ ငါးနှစ်တာလောက် ဒီပုံစံနဲ့ တစ်ယောက်တည်း ဖြတ်သန်းခဲ့တဲ့ ကျွန်တော်က ဒီနေ့မှာတော့ ခံစားချက်မတူ။

အနားမှာ တစ်စုံတစ်ယောက်ရှိတယ်ဆိုတဲ့ ခံစားချက်ကပဲ
ကျွန်တော့်ရဲ့ စိတ်အခြေအနေကို ကွဲပြားသွားစေလား မသိ။ ကျွန်တော် တစ်စုံတစ်ယောက်ဆီက ဂရုစိုက်မှု့ကို တောင့်တနေပြန်သည်။ တစ်ဆက်တည်းမှာလည်း ဂရုစိုက်မှု့ကို မလိုချင်ပြန်ဘူး။ ခဏတာတွေ၊ အတုအယောင်တွေ သဘောမကျဘူး။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now