Part - 29 (Unicode)

2.5K 266 6
                                    


"ရွှေလက်တွဲ"

>>>>>>>

တိမ်ကင်းစင်ပြီး ရာသီဥတု သာယာသော နေ့တစ်နေ့။ ယနေ့ ရာသီဥတု သာယာသည်။ ထို့အတူ အန်ကယ်လူးကတ်စ်နဲ့ အန်ရီကိုတို့ သားအဖကြားတွင်လည်း ယခင်ကလောက် အခြေအနေတွေ မတင်းမာတော့ပေ။ ကျွန်တော်နဲ့ အန်ရီကိုတို့ နှစ်ယောက် အန်ကယ်လူးကတ်စ် အိမ်သို့ ရောက်နေကြသည်။ အန်ရီကိုက နေ့ခင်းဘက် အလုပ်သွားရတာမို့ ညနေရုံးဆင်းချိန်မှ ရောက်လာရခြင်းပင်။

"ကျေးဇူးတင်ပါတယ်"

အဖြူရောင်ကြွေအိုးလေးကို ရင်မှာပိုက်လို့ အန်ကယ်လူးကတ်စ်က ပြောသည်။ "သူ အထီးကျန်ရတော့မှာ မဟုတ်ဘူး"လို့လည်း ထပ်ခါထပ်ခါ ပြောသေး၏။ အန်ကယ်လူးကတ်စ်ရဲ့ မျက်ခမ်းစပ်ကလေးတွေ နီရဲနေသည်။ ငိုချင်နေတာကို ထိန်းထားပုံရသည်။

"ကျွန်တော်တို့ ညနေစာ ဝယ်လာတယ်။ ကြာသွားရင် အေးသွားမယ် ထင်တယ်"

အန်ကယ်လူးကတ်စ်ကို အာရုံလွှဲတာ အဆင်ပြေသည်။ "ဟုတ်သားပဲ ဗိုက်ဆာနေကြရောပေါ့"ဟုဆိုကာ ထမင်းဝိုင်းအတူ ထပြင်ပေးသည်။

အဖေဖြစ်သူနဲ့ အတူ ထမင်းစားစေချင်တဲ့ ကျွန်တော့် ဆန္ဒကို သိတဲ့သူက အန်ကယ်လူးကတ်စ်အိမ်မှာပဲ ညနေစာ စားဖြစ်အောင် စီစဥ်သည်။ အရင်တစ်ခါလို ကျွန်တော် မစားတဲ့ အစားအစာမျိုး ချက်ထားတာမျိုး မဖြစ်ရအောင် ညနေစာ အပြင်က ဝယ်လာမည်ဟုပါ ဖုန်းဆက်ထားတာကြောင့် ဒီတစ်ကြိမ် ထမင်းဝိုင်းက အဆင်ပြေပြေပဲ ပြီးသွားသည်။

ထမင်းစားပြီးတော့ အန်ရီကိုက မပြန်သေး။ အန်ကယ်လူးကတ်စ်ကို ပြောစရာရှိတယ်ဟုဆိုလာသည်။ ကျွန်တော့်နည်းတူ အန်ကယ်လူးကတ်စ်ကလည်း အံ့သြသွား၏။ ခေါင်းတကုတ်ကုတ်နဲ့ အန်ရီကို့ ပုံစံက ဘာများပြောမလို့လဲဟု တွေးမိလာသည်ထိပင်။

"လကုန်လောက်ကျရင် ကျွန်တော် ခရီးသွားရလိမ့်မယ်။ အဲ့တာ ခရီးမသွားခင်...."

ဆက်မပြောဘဲ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။ ပြီးတော့ သူခေါင်းငုံ့သွား၏။ အန်ရီကို့ပုံစံက ရှက်နေသလို နားဖျားလေးတွေပါ နီရဲလာသည်။ သူ့လက်အချင်းချင်းကိုလည်း ပွတ်သပ်နေ၏။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now