Part - 22 (Unicode)

2K 270 14
                                    

သဲလွန်စ - ၃

"ဒီက အလုပ်ကိစ္စတွေပြီးရင် ပြည်ပသွားမှာဆိုတော့ အိမ်က လူမနေတော့ဘူးမလား။ ကျွန်တော်တို့က လုပ်ပေးပြီးရင် ပိုက်ဆံရမှာဆိုတော့ သဘောကျပေမဲ့ အစ်ကိုတို့ အပိုကုန်မှာစိုးလို့ပါ"

အိမ်ကို တစ်ချက် မော့ကြည့်လိုက်မိသည်။ ဆေးတွေ ကွာကျနေတာကလွဲလို့ အိမ်က ကောင်းနေသေးသည်။ အဖေတို့ အမေတို့ ငယ်ရွယ်စဥ် အချိန်က ဝယ်ယူခဲ့တဲ့ အိမ်မို့ ယခုလက်ရှိ အိမ်ဒီဇိုင်းတွေနဲ့ ယှဥ်ရင် ခေတ်နောက်ကျတယ် ပြောနိုင်ပေမဲ့ ရှေးခေတ်ပစ္စည်းတွေ ကောင်းတာကိုတော့ လက်ခံရလိမ့်မည်။ ခြံကိုလည်း ရှင်းပြီးသွားပြီမို့ အိမ်သာ ဆေးသုတ်ပြီးရင် အတော်လေး အမြင်လှသွားနိုင်သည်။

"ကောင်းမွန်တဲ့ အမှတ်တရဖြစ်ဖြစ်၊ ဆိုးရွားတဲ့ အမှတ်တရဖြစ်ဖြစ် ကျွန်တော်နဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တာတွေမို့ တစ်ဘဝလုံးသယ်ပိုးသွားရမှာဆိုပေမဲ့ ကောင်းတာတွေရှိနေတော့ ပိုမကောင်းဘူးလား။ ကျွန်တော် ဒီက ထွက်သွားချိန်တော့ လှပတဲ့ အိမ်လေးတစ်အိမ်အဖြစ်ပဲ မြင်သွားချင်တယ်။"

"ဗျာ ...အာ.. ဟုတ်ကဲ့"

ဆေးသုတ်ပေးမဲ့ ကောင်လေးက ကျွန်တော့်စကားကို နားလည်ဖို့ အတော်လေး ကြိုးစားလိုက်ရဟန်တူသည်။ ပြန်ရောင်းဖြစ်မှာ မဟုတ်သလို၊ နေဖြစ်မှာလည်း မဟုတ်ပေမဲ့ ကျွန်တော့်ရဲ့ အသိမှာ အကျည်းတန်မှု့တွေဖြစ်ပျက်ခဲ့တဲ့ အိမ်ဆိုတာထက် လှပတဲ့ အိမ်လေးအဖြစ်သာ ထင်ကျန်နေချင်သည်။

"ဒါဆို ကြိုးစားပေးပါဦး"

အန်ရီကို့ စကားကိုတော့ ကောင်လေးက ပြုံး၍ ခေါင်းညိတ်ရှာသည်။

"အဖေ့အခန်း ရှင်းဦးမယ်ဆို"

အိမ်ထဲရောက်တော့ အန်ရီကိုက သတိပေးလာသည်။ အခန်းထဲဝင်ဖို့ ပြင်နေမိတဲ့ ခြေလှမ်းတွေကို သော့တွဲတွေ ထားရှိရာသို့ ဦးတည်လိုက်မိ၏။

"အတူ လိုက်မလား"

သော့ကို လှည့်ဖွင့်လိုက်ပြီးမှ ကျွန်တော့်ကို စိတ်မချစွာ ကြည့်နေတဲ့ အန်ရီကို့အား လှည့်မေးမိသည်။ ကျွန်တော့် အမေးကြောင့် အန်ရီကိုရဲ့ မျက်ခုံးတစ်ချက်ပင့်တက်သွားသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now