Part - 14 (Unicode)

2.3K 241 2
                                    

အတိတ်

>>>>>>>>

အိမ်။ မိသားစု။
ကျွန်တော့် ဘဝမှာ ကြားလိုက်ရတိုင်း နာကျင်ရတဲ့ စကားလုံးတွေ။

​မိသားစုမစုံလင်တဲ့ အိမ်။ ခြောက်ကပ်နေတဲ့ အိမ်။ ပျော်ရွှင်စရာ တစ်စက်မှ မရှိတဲ့ အိမ်။

စည်းလုံးခြင်း မရှိတဲ့ မိသားစု။ ပျော်ရွှင်စရာ မကောင်းတဲ့ မိသားစု။ ပြိုကွဲနေတဲ့ မိသားစု။

အခုတော့ ကျွန်တော့်မှာ မိသားစုလည်း မရှိတော့ပေ။ မိသားစု မရှိတဲ့ အိမ်။ စောင့်နေမဲ့သူ မရှိတဲ့ အိမ်။ စောင့်နေရမဲ့သူ မရှိတဲ့ အိမ်ကိုလည်း ကျွန်တော် မပြန်ဖြစ်တာ ကြာခဲ့ပြီ။

သို့သော် ကျွန်တော့်ကို နွေးထွေးမှု့ပေးနိုင်တဲ့ အိမ်တစ်အိမ်တော့ ယခုအချိန်မှာ ရှိလာခဲ့ပြီ။ ဝင်လိုက ဝင်နိုင်သည်။ ထွက်လိုက ထွက်နိုင်သည်။ ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော့်ကို ကြိုဆိုနေမဲ့ အိမ်။ အန်ရီကိုအာခီရဲ့ အိမ်။

အဲလက်စ်နဲ့ ရို့စ်ရဲ့ မင်္ဂလာပွဲပြီးနောက်တွင်
အန်ရီကိုနဲ့ ကျွန်တော်ကြားတွင် ခရီးကနေ ပြန်ရောက်လာတာ မကြာသေးသည့် အန်ရီကိုရဲ့ အလုပ်ကိစ္စတွေ ဝင်ရောက်လာသည်။

ခရီးက ပြန်ရောက်လာတာ မကြာသေးသည့် အန်ရီကိုက ခွင့်ရက်စေ့သွားပြီ။ ဆက်ရန် အလုပ်တွေ ရှိသေးသည်။ ကျွန်တော့်ကြောင့် ပျက်သွားတဲ့ အန်ရီကို့ဆရာ အကူအညီတောင်းထားသည့် ကိစ္စရပ်တွေ ရှိသေးသည်။ ယနေ့ အန်ရီကို အိမ်မှာ မရှိပေ။

ရို့စ်တို့ မင်္ဂလာပွဲအပြီး အန်ရီကို့ အိမ်မှာပဲ သောင်တင်နေတဲ့ ကျွန်တော်က ဘယ်ခရီးဆီသို့ ဦးတည်မည်ဟု အတွေးမရှိသေး။
အန်ရီကိုကတော့ ကျွန်တော် ဆက်နေလည်း လက်ခံမှာဖြစ်သလို ထွက်သွားလည်း တားမဲ့သူ မဟုတ်။ သူက သူ အဆင်ပြေဖို့ထက် ကျွန်တော် အဆင်ပြေဖို့၊ စိတ်ချမ်းသာဖို့၊ ပျော်ဖို့ကသာ အရေးကြီးတဲ့ သူမျိုးပင်။

မြင်ကွင်းရှေ့က ဇူးရစ်ရေကန်ကြီးကို ခပ်တွေတွေ ငေးကြည့်နေမိသည်။ ကျွန်တော့်မှာလည်း နှောင်ကြိုးလေးတွေ များလာလိုက်တာ။ သံယောဇဥ်တွေ တွယ်တတ်လာလိုက်တာ။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now