Part - 16 (Unicode)

2.2K 310 28
                                    

only one

>>>>>>

စိတ်ခံစားချက်တို့က ဘတ်စကတ်ဘောကစားသူတစ်ယောက်ရဲ့ လက်ထဲက ဘောလုံးတစ်လုံးနှယ်။ မြင့်သွားလိုက် နိမ့်သွားလိုက်နှင့် ။ အမြင့်ဆုံးကို ရောက်ချိန်မှ ဖြတ်ရိုက်ချခံရသည့်အခါတွေမှာလည်း လူဟာ အလူးအလဲ။ အဆုံးသတ်မှာ မွန်းကြပ်ခြင်းတွေသာ ကျန်နေခဲ့သည်။

ဘဝကို အဆုံးသတ်သွားခဲ့ရသူ။ အသက်ရှင်လျှက်နဲ့ သေလူတစ်ယောက်လို နေထိုင်သွားရသူ။ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရသူ ။ လူကြီးတွေရဲ့ အတ္တတွေ၊ မာနတွေ ပြိုင်ဆိုင်ခြင်းကြားမှာ ထိခိုက်နစ်နာသွားခဲ့တာ လူသုံးယောက်ရဲ့ဘဝ။

လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ်ချစ်တဲ့သူတွေထက် အတ္တနဲ့ မာနကို ပိုအလေးပေးကြသည်။ ဂုဏ်ဒြပ်တွေ သိက္ခာတွေကို ပိုအရေးပေးကြသည်။ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးရဖို့ လမ်းစတွေဆိုတာ သတိမထားမိကြပြန်ဘူး။

ပုံပြင်ရဲ့ အဆုံးသတ်တွင် နီးရာ ခုံတစ်ခုံကို အားပြုလို့ ကျွန်တော်ထိုင်လိုက်ရ၏။ အန်ကယ်လူးကတ်စ်ကတော့ ထုံသွား၍လား မသိ ဘာမှမဖြစ်သလို ရပ်နေသေးသည် ။ ကိုယ်တိုင် တွေ့ကြုံခဲ့သူရဲ့ ရှေ့မှာ ကျွန်တော်က ပြိုလဲပြနေတာ သင့်တော်ပါရဲ့လား။

အန်ကယ်လူးကတ်စ်က ရုပ်ထုကို အသာအယာလေး ထိတွေ့ကိုင်တွယ်နေသည်။ သူ့ပုံစံက ရုပ်ထုအား သူထိလိုက်လို့ နာကျင်သွားမှာ စိုးရိမ်နေသလို နုနုညံ့ညံ့ကို ထိတွေ့ကိုင်တွယ်နေတာ။

"ဘာလို့ဝေးခဲ့ရလဲ သိလား"

အန်ကယ်လူးကတ်စ်က ကျွန်တော့်အား လှည့်မကြည့်ဘဲ မေးသည်။ ကျွန်တော် ချက်ချင်းဖြေရန် ဆွံ့အသွားသည်။ အန်ကယ်လူးကတ်စ် ပြောပြတဲ့ ဇာတ်လမ်းထဲမှာ ဘာကြောင့် ဝေးခဲ့ရတာလဲဆိုတဲ့ မေးခွန်းအတွက် ကျွန်တော်ရှာတွေ့တဲ့ အဖြေက မိဘတွေကြောင့်ဆိုတာရယ် ၊
ငယ်ရွယ်စဥ် အချိန်ကာလမှာ ရေရှည် ပြဿနာတွေကို ကြိုမတွေးခဲ့တာရယ်ကြောင့်လို့သာ အဖြေထွက်သည်။

ဘာမှပြန်မဖြေဘဲ ဆိတ်ဆိတ်နေမိတော့....

"ပြတ်တောက်လို့မရတဲ့ ကြိုးတွေကြောင့်"

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now