Part - 12 (Zawgyi)

773 34 0
                                    

"မြို့"

>>>>>>

ကျွန်တော် အကြိမ်ကြိမ် အခါခါ ခြေချချင်မိတဲ့ မြို့။ ကျွန်တော့် ခြေရာတွေ ထပ်နေတဲ့ မြို့။ တစ်စုံတစ်ယောက်နဲ့ အတူ လျှောက်လှမ်းဖူးတဲ့ မြို့။ ဇူးရစ်မြို့။

မျက်စိရှေ့ မြင်တွေ့နေရတဲ့ ရှေးဟောင်းပုံသဏ္ဍာန် အဆောက်အဦးကြီးက အကြည့်မလွှဲနိုင်အောင် ခမ်းနားထည်ဝါလွန်းသည်။ ဆောက်လုပ်ထားတာ ကြာမြင့်ခြင်းကြောင့်လား ဒါမှမဟုတ် နိုင်ငံရဲ့ အဆောက်အဦး တည်ဆောက်ပုံဟာ ရိုးရိုးရှင်းရှင်း ရှေးဆန်ဆန် အငွေ့အသက်တွေကိုပဲ တည်ဆောက်ကြခြင်းလား မပြောတတ်။ ဇူးရစ်မြို့မှာ တွေ့ရတဲ့ အများပြည်သူပိုင် အဆောက်အဦးက အစ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်၊ အဆောက်အဦး အဆုံး လူနေအိမ်၊ ရုံး၊ ကျောင်း အဆောက်အဦးအားလုံးက ရိုးရှင်းပြီး အမြင်ဆန်း၏။

University of Zurich (UZH) (ဇူးရစ်တက္ကသိုလ်)လို့ ရေးထိုးထားသည့် အဝင်ပေါက်ရှေ့မှာ ခြေစုံရပ်လို့ တက္ကသိုလ် အဆောက်အဦးကြီးကို အံ့ဩ မှင်သက်စွာ ကျွန်တော် ကြည့်နေမိ၏။ ကျောင်းဖွင့်ချိန် ဖြစ်တာကြောင့် ကျောင်းသားများကိုပါ တွဲ၍ မြင်တွေ့ရခြင်းက တက္ကသိုလ်ကြီးအား ပို၍ အသက်ဝင်စေသည်။

University of Zurich (UZH)က
ဇူးရစ်မြို့ရဲ့ အကြီးဆုံးတက္ကသိုလ်ဖြစ်ရုံသာမက ဆွစ်ဇာလန်နိုင်ငံရဲ့ အကြီးဆုံးတက္ကသိုလ်လည်း ဖြစ်သည်။

"ဒီကနေ ကိုယ်တို့ သူငယ်ချင်းအုပ်စု ကျောင်းပြီးခဲ့တာ ။
နိုဗယ်ဆုရှင် အိုင်းစတိုင်းလည်း ဒီတက္ကသိုလ်က ကျောင်းပြီးတာပဲ"

ခရီးက ပြန်လာတာ သိပ်မကြာသေးတဲ့ အန်ရီကိုက နားရက်ရနေခြင်းကြောင့် ဇူးရစ်မြို့ရဲ့ အထင်ကရ နေရာတွေကို ကျွန်တော့်အား လိုက်ပြသပေးသည်။ အိုင်းစတိုင်းအကြောင်း ကြားဖူးနေပေမဲ့ ဇူးရစ်တက္ကသိုလ်ထွက်ဆိုတာတော့ မသိရိုး အမှန်။

ဆွစ်အထက်တန်းကျောင်း
အောင်မြင်သူတိုင်း သက်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာသင်ယူနိုင်တဲ့ ဇူးရစ်တက္ကသိုလ်ကနေ အိုင်းစတိုင်းအပါအဝင် အခြား နိုဗယ်ဆုရှင်များစွာကိုလည်း မွေးထုတ်ခဲ့ဖူးသည်တဲ့။
ကျောင်းတော်ကြီးက အပြင်ပိုင်း အမြင်တင်မက အဆောက်အအုံး အတွင်းပိုင်းမှာလည်း ခမ်းနားလှသည်။ နံရံတွေမှာ ပညာရှင်များ၏ ပန်းပုလက်ရာ ရုပ်ထုများကို တွေ့မြင်ရသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now