ကျေးဇူးတင်လွှာ (Z+U)

1.3K 136 34
                                    

Unicode

ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ လေးလတာ ဒီခရီးလေးကို ကျွန်တော်နဲ့အတူ ဖြတ်သန်းခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။

ဒါလေးကို မရေးခင် တစ်လလောက်အလိုက Discoveryတွေ နေ့တိုင်း ထိုင်ကြည့်ဖြစ်တယ်။ သုတေသနပညာရှင်တွေကို ကြည့်ရင်း အန်ရီကိုအာခီဆိုတဲ့ ကိုကို့ကို မျက်လုံးထဲ မြင်ယောင်လာတယ်။ ဒီလို သုတေသနပညာရှင်လေးတစ်ယောက် ဖန်တီးချင်တယ်ဆိုပြီး တွေးမိခဲ့ပါတယ်။ ဒီဇာတ်လမ်းကို စရေးဖြစ်ခဲ့တဲ့ အဓိက ဇာတ်ကောင်ဟာ ကိုကိုပါပဲ။

ကိုကိုနဲ့ ပတ်သက်ပြီး ရေးရမှာ ဝန်လေးမိတယ်။ သူက အရမ်းတော်တယ်လေ။ ကိုယ့်ကြောင့် သူ့အလုပ်၊ သူ့ပုံစံ၊ သူ့စိတ်နေစိတ်ထား ပေါ့သွားမှာ အရမ်းကြောက်မိတယ်။ ကိုကို့အလုပ်နဲ့ ပတ်သက်ပြီး စာဖတ်သူတွေကို ပေးနိုင်မဲ့ Messageတွေ ရှာဖတ်ဖြစ်တယ်။ ပင်လယ်အကြောင်း၊ ငါးအကြောင်း၊ သုတေသနလုပ်ပုံတွေကို ကိုကိုနဲ့ ပတ်သက်ပြီး ရေးဖြစ်ခဲ့တယ်။

ဗိုလ်ဗိုလ်ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပတ်သက်ရင်တော့ ဦးအောင်မြင်သူ၊ ဦးလင်းသစ်ဆန်း၊ ဦးမြတ်သူ၊ အောင်မြင်ကို ဆိုတဲ့ ဇာတ်ကောင်လေးယောက်ကို စတေးပြီးမှ ရုပ်လုံးကြွခဲ့တဲ့ ဒီဇာတ်လမ်းလေးမှာ မိဘတွေရဲ့ မှားယွင်းမှု့၊ ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို ဦးစားပေးရေးသားဖြစ်ခဲ့ပါတယ်။

ဗိုလ်ဗိုလ်က ခံစားချက်တွေနဲ့ အပူဓာတ်ဆို ကိုကိုက အအေးဓာတ်ပါပဲ။ ဇာတ်လမ်းတစ်ခုလုံးကို ဗိုလ်ဗိုလ်POVနဲ့ ရေးပြသွားတာမို့ ကိုကို့အတွေးကို တချို့က သိချင်ကြတယ်။ ကိုကိုက အတွေးများများစားစား မရှိပါဘူး။ သူက တကယ်အေးချမ်းတယ်။ သူ့ကို စိတ်ညစ်စေရင် ရှောင်တယ်။ ကူညီတတ်တယ်။ စိတ်ထားပြည့်ဝတယ်။ ချစ်တဲ့သူကို ထိရင် သည်းမခံဘူး။ သူ့ဘဝမှာ ဗိုလ်ဗိုလ်နဲ့ မတွေ့ခင်ထိ ငါးတွေအကြောင်းနဲ့ ပြည့်နှက်နေခဲ့တာ။ ဗိုလ်ဗိုလ့် POVနဲ့တင် ဇာတ်လမ်းက လုံလောက်ပါတယ်။

LGBTတွေရဲ့ ဘဝနဲ့ နီးစပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အမြဲ ရေးသားချင်ခဲ့ပါတယ်။ ဒီတစ်ခါ ကြိုးစားမှု့က မပြည့်စုံရင်တောင် တစ်စိတ်တစ်ပိုင်းတော့ ပုံဖော်နိုင်ခဲ့မယ် ယုံကြည်ပါတယ်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now