Part - 25 (Unicode)

2K 271 9
                                    

"ရောက်ရှိလာသော ခြိမ်းခြောက်စာ"

>>>>>>

"စိတ်ပင်ပန်းတာရော၊ Shockရသွားတာကြောင့်ရောမို့ပါ စိတ်ပူစရာမရှိတော့ပါဘူး။ အိမ်ရောက်ရင် နားနားနေနေ နေပါ"

ဆရာဝန်ရဲ့ စကားကြောင့် ကျွန်တော် ဆေးရုံဆင်းခွင့်ရခဲ့သည်။ ဦးမြတ်သူအိမ်မှာတင်ပဲ မေ့လဲသွားခဲ့တာမို့ နှစ်ရက်လောက် ဆေးရုံမှာနေလိုက်ရသေး၏။

"သျှံ့ဆီပို့ပေးပါ"

ကားပေါ်ရောက်ရောက်ချင်း ပြောတဲ့ ကျွန်တော့်စကားကြောင့် အန်ရီကိုက မျက်မှောင်ကျုံ့ကာ ကြည့်လာသည်။

"မဖြစ်ဘူး ဆရာဝန်က နားရမယ်ပြောထားတယ် ဗိုလ်ဗိုလ်"

"အခုက ကျွန်တော် နားနေရမဲ့ အချိန်လား။ အကြောင်းအရာတွေ အားလုံးကို သိနေပါရဲ့နဲ့ နားဖို့ ဘယ်လိုလုပ်ပြောထွက်ရတာလဲ။"

ကျွန်တော့် စကားသံတို့ တင်းမာလာ၏။ အံ့အားသင့်သွားခြင်းကြောင့် အန်ရီကိုက ဘာစကားမှ ချက်ချင်း မ​တုံ့ပြန်နိုင်ဖြစ်သွားသည်။ မပြောသင့်တာ သိပါရဲ့နဲ့ မပြောရဲတာ မရှိသလို ကျွန်တော့်နှုတ်တို့ကလည်း ရဲတင်းနေသည်။ ကျွန်တော့်အတွက် ပြောတဲ့ သူ့စေတနာကို စော်ကားမိပြန်ပြီ။

"သူပြောတဲ့နေရာကိုပဲ မောင်းလိုက်ပါ"

ကားအတွင်း တိတ်ဆိတ်သွားသည်။

"အဲ့လိုမဟုတ် ကျွန်တော်ပြောချင်တာက.."

ကားသမားလေးက ကျွန်တော်တို့နှစ်ယောက်ကြား လမ်းပျောက်နေသူလိုဖြစ်နေသည်။

"လုပ်မဲ့အရာကိုပဲ အာရုံစိုက်ထားပါ"

ထိုမျှသာပြောပြီး တစ်ဖက်သို့ လှည့်သွား၏။ ကားပြတင်းပေါက်ဘက်ကို ငေးရင်း သူ ကျွန်တော့်ကိုများ စိတ်တိုနေမလား တွေးမိတော့ မနေတတ်သူက ကျွန်တော်ပဲ ဖြစ်ရပြန်သည်။ မဝံ့မရဲ အနားသို့ တိုးသွားပြီး ပုခုံးပေါ်မှီတော့ သက်ပြင်းချသံနဲ့အတူ ကျွန်တော့်အား ထွေးပွေ့လာ၏။ တော်သေးလို့ ကျွန်တော့်ကို သူ စိတ်မပျက်သွားတာ ။

"ကိုယ်က စိတ်ပူလို့..."

တိုးတိုးလေးပြောလာတဲ့ သူ့ရဲ့ စကားသံ။ ကျွန်တော့်မျက်ဝန်းတွေ မှိတ်ချပြီး သူ့ရင်ခွင်ထဲ တိုးဝင်မိ၏။ ခပ်တင်းတင်း ပြန်ပွေ့ဖက်လာမှ စိတ်ကလေးပြန်နွေးလာရသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now