Part - 28 (Unicode)

2.2K 268 8
                                    

"အချစ်ရှိရာ အရပ်တွင် ခြေချခြင်း"

>>>>>>

ခြံတံခါးကို သော့ခတ်ပြီး ဆေးပြန်သုတ်ထား၍ လှပနေတဲ့ တိုက်ကလေးကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ ကျွန်တော့်ရဲ့ ငယ်ဘဝက ဒီအိမ်လေးမှာပဲ ကုန်ဆုံးခဲ့ရသည်။ အမှတ်တရကောင်းတွေ မရှိပေမဲ့ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ အမြဲအမှတ်ရနေမဲ့ အိမ်ကလေးပဲ။

ညီလေးအတွက် တရားမျှတမှု့ကို ရှာပေးနိုင်ခဲ့ပြီး အပြစ်ရှိသူကို အပြစ်ပေးနိုင်ခဲ့ပြီ။ မေမေက သာသနာ့ဘောင်ထဲ အပြီးဝင်ရောက်သွားခဲ့ပြီ။ ဖေဖေနဲ့ ညီလေးအတွက်လည်း ကျွန်တော်အလှူအတန်း ပြုလုပ်ကာ ရေစက်ချ၊ အမျှဝေပြီးပြီ။ အန်ရီကို့ရဲ့ အဖွားကိုလည်း သွားနှုတ်ဆက်ခဲ့ပြီ။ ပြန်ခါနီး ပဲခူးသို့ တစ်ခေါက်သွားကာ ကျွန်တော်တို့ ညီအစ်ကိုအပေါ် ကျေးဇူးမကင်းတဲ့ ဦးကြီးနဲ့ ဒေါ်ကြီးကိုလည်း ကန်တော့ခဲ့သေးသည်။ ယခု ကျွန်တော်လုပ်စရာသည် ကျွန်တော်ချစ်ရသူနဲ့အတူ ပျော်ရွှင်စွာ နေထိုင်သွားဖို့ပဲ ရှိ၏။

"ဗိုလ်ဗိုလ် ပြန်လာချင်တဲ့အခါ ကိုယ်လိုက်ပို့မှာပေါ့"

သံယောဇဥ်မပြတ်စွာ ပြန်ကြည့်နေမိတဲ့ ကျွန်တော့်အား အန်ရီကိုက ပုခုံးကို
ဖွဖွကလေး ပုတ်ကာ ပြောလာသည်။ အန်ရီကိုရဲ့ လက်ထဲတွင် အန်ကယ်လူးကတ်စ်ကို ပေးဖို့ အန်ကယ်လင်းသစ်ဆန်းရဲ့ အရိုးပြာအိုးလေးကို ကိုင်ထားသေးသည်။

"ပြန်မလာတော့ဘူး"

ကျွန်တော် ချက်ချင်း ငြင်းလိုက်မိ၏။ ပြန်လာဖို့ ရာခိုင်နှုန်းဟာ အတော်ကို နည်းပါတယ်။ ပြန်မလာတော့ပေမဲ့ အိမ်ကိုလည်း ကျွန်တော် မရောင်းနိုင်ပေ။ အဖြစ်အပျက်ဆိုးတွေ အားလုံးကို ဒီနေ့မှာပဲ ချိတ်ပိတ်ကာ ထားခဲ့တော့မည်။

လေယာဥ်ကွင်းကို ရောက်တော့ နေ့လယ် ဆယ့်နှစ်နာရီထိုးပြီ။ နေ့လယ်နှစ်နာရီတွင် လေယာဥ်ထွက်မည်။ Chech Inဝင်ပြီး အချိန်ခဏမျှ ရသေး၏။

"ကိုယ်နဲ့အတူ ဇူးရစ်ကို လိုက်ခဲ့ရင် ပျော်မှာ သေချာလား ဗိုလ်ဗိုလ်။ အခု ပြင်ရင် အချိန်မီသေးတယ်"

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now