Part - 3 (Unicode)

3.4K 311 20
                                    

"အတိတ်က ပုံရိပ်"

>>>>>>>

အရက်တွေ ၊ ဆေးလိပ်တွေ မသောက်ပါနဲ့လို့ ပြောထားသူကို လျစ်လျူရှု့စွာပဲ စီးကရက်ကိုဗူးလိုက်ချ အရက်ပုလင်းကို ရင်ဝယ်ပိုက်လို့ နာကျင်မှု့ကို ဖြေလျော့နေမိ၏။

မှန်တံခါးတွေရဲ့အလွန်မှာ ချထားပေးတဲ့ စားပွဲဝိုင်းမှာထိုင်ပြီး အရက်ကို ပုလင်းလိုက် မော့သောက်နေတဲ့ ကျွန်တော့်ကို
Anyecoက တိတ်ဆိတ်ငြိမ်သက်စွာပဲ ထိုင်ကြည့်
နေခဲ့သည်။

ဘေးနားမှာ လူတစ်ယောက်ရှိနေတယ်လို့ မထင်ရအောင်ကို Anyecoက တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ။

ပင်လယ်ပြင်ရဲ့ စိတ်ကြည်နူးဖွယ် သဘာဝ အလှတရားကို မခံစားနိုင်လောက်အောင် ရီဝေမူးရစ်လိုက်ဖို့ကို ကျွန်တော် ဦးတည်နေမိ၏။ ဘေးနားက လူဟာ ဒီနေ့အဖို့ ကျွန်တော့်ကို တားမဲ့ပုံမရှိ။

"ဘာမှမမေးတော့ဘူးလား..."

မျက်တောင်ခတ်ဖို့ပင် မေ့နေတဲ့ ကျွန်တော်က ပင်လယ်ပြင်ကို ရွေ့လျားခြင်းမရှိတဲ့ မျက်လုံးသေတို့ဖြင့် ကြည့်၍ ဘေးနားမှာ တိတ်ဆိတ်စွာ နေပေးနေသူကို မေးလိုက်မိသည်။

"ဘာကို မေးစေချင်တာလဲ.."

"ဘာလို့ ထွက်ပြေးသွားတာလဲလို့ မမေးချင်ဘူးလား"

Anyecoက သက်ပြင်းတစ်ချက်ချသည်။ စိတ်မရှည်လို့ မဟုတ်ဘဲ ကျွန်တော့်ကို အားမလိုအားမရဖြစ်နေလို့။

"သူတစ်ပါး မပြောပြချင်တဲ့ အကြောင်းအရာတွေကို ပြောပြပါ၊ ပြောပြပါလို့ အတင်းလိုက်မေးပြီး ကိုယ် မရိုင်းပြချင်ဘူး။ ဒီအပြုအမူက ကလေးဆန်လွန်းတယ်။ ကိုယ် မင်းရဲ့ အကြောင်းတွေကို နားထောင်ချင်ပါတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် လိုလိုလားလား ပြောပြလာတဲ့ မင်းရဲ့ အကြောင်းတွေကိုပဲ ကိုယ် နားထောင်ချင်တာ။"

ကျွန်တော် ပြောပါတယ် Anyecoက လူကြီးလူကောင်းဆန်ပါတယ်လို့။ သူရဲ့ နှုတ်ထွက် စကားတစ်ခွန်းစီဟာ အဓိပ္ပါယ်ရှိပြီး လူတစ်ဖက်သားကို အလေးထားတဲ့ အပြုအမူတွေ အတိုင်းသား မြင်နေရ၏။

"ဒါဆို ကျွန်တော်ကပဲ မေးခွန်းပြန်မေးမယ် ကျွန်တော် ပြောပြရမလား"

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now