Final Episode (Unicode)

5.2K 360 31
                                    

"ချစ်ခြင်းရဲ့ သံစဥ်"

>>>>>>

အဝေးပြေးကားကွင်းထဲတွင် လူပေါင်းများစွာ သွားလာလှုပ်ရှားနေသည်။ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးခန့်ကလည်း ဒီကားကွင်းမှာပဲ ဒီလိုမြင်ကွင်းကို ကျွန်တော် မြင်ခဲ့ဖူးသည်။မနှစ်ကနဲ့ ဒီနှစ် ခံစားချက်တွေကတော့ မိုးနဲ့မြေလို ကွာခြားနေပါ၏။

Cape Townမှ Betty'sသို့ ပြေးဆွဲမည့် ဘတ်စ်ကားပေါ်မှ ပြင်ပ မြင်ကွင်းတွေဆီသို့ ကြည့်ရင်း အတွေးတွေက အတိတ်နဲ့ ပစ္စုပ္ပန်ကို ကူးလူးဖြတ်သန်းနေ၏။ ကားပေါ်တွင် လူစုံနေပြီ။ ကားသမားက နာရီကို ကြည့်ရင်း ကျွန်တော် ထိုင်နေသည့် နောက်ဆုံးတန်းကို ကြည့်လာသည်။

ကားထွက်ချိန်က နီးကပ်လာပြီမို့ ကျွန်တော် စိတ်ပူစပြုလာသည်။ သောက်ရေနဲ့ အဆာပြေစားစရာ သွားဝယ်မယ် ပြောသွားသည့် ကိုကိုက ပြန်မရောက်လာသေးပေ။ မြင်ရလို မြင်ရညား မှန်တံခါးကနေ အပြင်ဘက်သို့ ကြည့်နေစဥ်မှာပဲ ကားက တဖြည်းဖြည်းချင်း စရွေ့တော့၏။

ကျွန်တော် အေးအေးဆေးဆေး ထိုင်မနေနိုင်တော့ပေ။ သူ အချိန်မီ မလာနိုင်ရင် ကျွန်တော် ဆင်းနေခဲ့မှ ဖြစ်မည်။

"ကားရပ်..."

ကျွန်တော့်စကား မဆုံးလိုက်။ ကား ဘရိတ်ဆောင့်အုပ်လိုက်ခြင်းကြောင့် ကားပေါ်တွင် ဆူညံပွက်လောရိုက်သွား၏။ ဒီအခြေအနေကို ကျွန်တော် ရင်းနှီးနေသည်။

"တောင်းပန်ပါတယ်..."

ကားပေါ်သို့ တောင်းပန်တိုးလျိုးကာ ကိုကို တက်လာသည်။ အမှန်တကယ် နောက်ကျတာမှ ဟုတ်ရဲ့လားဟုပင် ပြန်မေးချင်လာသည်။ ဒီအဖြစ်အပျက် ဒီအခြေအနေက ကျွန်တော်တို့နှစ်ယောက် စတွေ့ခဲ့စဥ်က အချိန်ကို ပြန်အမှတ်ရစေသည်။ သူနောက်ကျသွားကြောင်း ကိုကိုက လာတောင်းပန်လိမ့်မည်။

"အနည်းငယ် နောက်ကျသွားလို့ တောင်းပန်ပါတယ်"

ကျွန်တော့်ကို တောင်းပန်ကာ ဘေးမှာ ဝင်ထိုင်သည်။ ပြီးမှ အနားနားကပ်ကာ ခပ်တိုးတိုး ပြောလာတာက "ကားထွက်ချိန်ရော၊ မင်းဆီကို ရောက်လာခဲ့တာရော"တဲ့။ ကျွန်တော် စိတ်လိုလက်ရ ပြုံးလိုက်မိသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now