Part - 5 (Unicode)

3K 325 14
                                    

"သူ့ကြောင့်သာလျှင်"

>>>>>>>>>

မနက်ခင်း နေရောင်ခြည်က မျက်နှာပေါ် လာရောက် ထင်ဟပ်သည်။

ရာသီဥတုက မော်ဆယ်ပင်လယ်ကို ကျွန်တော်တို့ ရောက်ခါစ နေ့တွေတုန်းကလို အုံ့မှိုင်းနေခြင်း မရှိ။ သာယာလှ၏။

ဒီရက်ပိုင်းတွေမှာ အိပ်ရေးဝဝ အိပ်လာရတဲ့ ညတွေ ခပ်စိပ်စိပ်ဖြစ်လာတော့ အရင်က ခွက်ဝင်နေတဲ့ ကျွန်တော့်ရဲ့ မျက်ကွင်းညိုတွေက ပြည့်လာပြီး ညိုနေတာတွေလည်း ပျောက်ကွယ်သွား၏။

အနားမှာ တစ်စုံတစ်ယောက်ရှိတယ်ဆိုတဲ့ အသိစိတ်၊
နှစ်ရှည်လများ တစ်ယောက်တည်း သိမ်းဆည်းလာခဲ့တဲ့ အနာတရတွေကို တစ်စုံတစ်ယောက်နဲ့ မျှဝေခံစားလိုက်လို့ ပေါ့ပါးသွားတဲ့စိတ်ကြောင့် ကျွန်တော့်ရဲ့ညတာတွေက အိပ်မက်ဆိုးတွေနဲ့ ဝေးကွာလာ၏။

မျက်စိနှစ်လုံးပွင့်တာနဲ့ ကျွန်တော့်ရဲ့ အကြည့်တွေက မျက်နှာချင်းဆိုင်က ဆိုဖာဆီသို့ အရင်ရောက်သည်။
ကျွန်တော်ကလည်း အခန်းပြောင်းဖို့ မပြောမိသလို အန်ရီကိုကလည်း အခန်းပြောင်းမဲ့အကြောင်း မပြောလာပေ။

ဒီရက်တွေအတွင်း ညဘက်မှာ တစ်စုံတစ်ယောက် အနားမှာရှိခြင်းရဲ့ ခံစားချက်ကို သင်ယူခဲ့သလို နိုးထလာချိန်
မနက်ခင်းတွေမှာ တစ်စုံတစ်ယောက်ကို မြင်ရတဲ့ ခံစားချက်တွေကို သင်ယူဖြစ်နေခဲ့၏။ ဂရုစိုက်ခံရတဲ့ ခံစားချက်ကိုလည်း ကောင်းကောင်း တတ်မြောက်နေခဲ့ပြီ။

မျက်နှာချင်းဆိုင် ဆိုဖာမှာ အိပ်​နေကျလူဟာ ရှိမနေ။ ကျွန်တော့်အပေါ် ဂရုစိုက်ပြီး ကျွန်တော်ကိုယ်တိုင်က ချီးကျူးနေမိတဲ့ အန်ရီကို,ကို ဆိုဖာမှာပဲ
အိပ်ခိုင်းတယ်ဆိုတာ နည်းနည်းတော့ ရယ်စရာ ကောင်းနေတယ်မလား။

အရင်ကတော့ ဘဝက ခက်ခဲတာမှန်ပေမဲ့ အခုက ပေါ့ပါးမလိုနဲ့ ပျော်ရွှင်ရမလိုနဲ့ ခက်ခဲနေတာ။

တစ်စုံတစ်ယောက်ကို အနားမှာရှိစေချင်နေပြီး အနီးဆုံးကို ရောက်မလာစေချင်တဲ့ အခိုက်အတန့်တွေ။

ဆုံစည်းကြဖို့ အချိန်တန်လို့ ဆုံစည်းခဲ့ကြပြီး ခွဲခွာကြဖို့ အချိန်တန်လို့ ခွဲခွာကြရတဲ့အခါ သူ အဆင်ပြေပါ့မလားထက် ကျွန်တော် အဆင်ပြေပါ့မလားလို့ တွေးနေမိတဲ့ ကျွန်တော်က တစ်ကိုယ်ကောင်းသမား တစ်ယောက်ပါ။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now