Part - 11 (Unicode)

2.5K 281 14
                                    

"ပြန်ဆုံချိန်လေး"

>>>>>>>>>

ဆွစ်ဇာလန်နိုင်ငံ ....

ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တဲ့ နိုင်ငံ၊ လူနေမှု့အဆင့်အတန်းမြင့်မားတဲ့ နိုင်ငံ၊ စီးပွားရေး အခြေချ လုပ်ကိုင်ရန် အဆင်ပြေကောင်းမွန်တဲ့ နိုင်ငံ စသဖြင့် လူတွေရဲ့ ပါးစပ်ဖျားမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းများနဲ့ ကျော်ဇော၏။

ဂျာမနီ၊ ပြင်သစ်၊ အီတလီ စသော နိုင်ငံကြီးများကလည်း ဆွစ်ဇာလန်နိုင်ငံကို စစ်ရေးစစ်ရာနဲ့ ပက်သက်၍ ကြားနေနိုင်ငံဟု သတ်မှတ်ကြသည်။

'သဘာဝတရားနဲ့ ထိတွေ့ချင်လျှင် ဆွစ်ဇာလန်နိုင်ငံကို သွားပါလို့' တင်စားဖွယ်ကောင်းလောက်အောင် ဥရောပတိုက်၏ အလယ်ဗဟိုတွင် တောင်များ ပတ်လည် ဝိုင်းလျက် တည်ရှိသော နိုင်ငံဖြစ်၏။ နိုင်ငံရဲ့ သုံးပုံနှစ်ပုံက
(Alps)အဲ့လပ်​တောင်တန်းဒေသဖြစ်ပြီး အေးချမ်းတဲ့ ဒေသဖြစ်သည်။

ဆွစ်ဇာလန်ရဲ့ ဆောင်းမနက်ခင်းတွင် ကော်ဖီတစ်ခွက်နဲ့ တောင်တန်းတွေပေါ် နှင်းတဖွဲဖွဲ ကျနေခြင်းကို ထိုင်ကြည့်ရခြင်းရဲ့ အရသာက လွန်စွာ ကောင်းလှသည်။
တောင်တန်းစိမ်းစိမ်းတွေ၊ ထင်းရှူးပင်တွေ၊ တောင်ခြေရင်းမှာ ရှိနေတဲ့ ရေပြာအိုင်တွေကြား မြင်တွေ့ရတဲ့ အိမ်လေးတွေနဲ့ တကယ်နေချင်စဖွယ် ကောင်းလှတဲ့ နိုင်ငံ။ ရေပြာအိုင်တွေဟာ ပင်လယ်ရေလို ကြည်တောက်နေပြီး တကယ်လှ၏။

နိုဝင်ဘာလအကုန်မှာ Betty'sက ထွက်လာခဲ့တဲ့ ကျွန်တော်က ဒီဇင်ဘာလ အစောပိုင်းမှာပဲ ဆွစ်ဇာလန်နိုင်ငံ ရောက်ရှိလာခဲ့၏။ ပြန်လာခါနီး ​နောက်ဆံတင်းနေတဲ့ ကျွန်တော့်ကို ဟင်ဒီက စိတ်မပူဖို့ တဖွဖွမှာသည်။ ဒေစီတစ်ယောက် ကျွန်တော့်ကိုများ မတွေ့ရင် ငိုနေမလား။ သူ့ဖေဖေ၊ မေမေတို့လိုပဲ ကျွန်တော်ကလည်း ထားသွားတာပဲ
ဆိုပြီး စိတ်ဒဏ်ရာရသွားမလား စိတ်ပူရင်း၊ ရင်မောရင်းပဲ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ (Zurich) ကျွန်တော် ရောက်ရှိလာခဲ့ရသည်။

မြန်မာနိုင်ငံမှာ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေ ခွဲခြားထားသလို ဆွစ်ဇာလန်မှာလည်း (Canton) ခန်တန်
(၂၆)ခု ခွဲ၍ အုန်ချုပ်သည်။ ကျွန်တော်ရောက်ရှိနေတဲ့ ဇူးရစ်မြို့က ဇူးရစ်ခန်တန်မှာတင်မက ဆွစ်ဇာလန်နိုင်ငံမှာပါ အကြီးဆုံး မြို့တစ်မြို့။ ကုန်ကြောင်း၊ လေကြောင်း၊ ရေကြောင်းဆုံရာ မြို့ဖြစ်ပြီး စည်ကားလှ၏။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now