Cha-58

5.5K 1K 70
                                    

[Unicode]

ဒါဟာ ယွီချင့်ဟွမ်အတွက်ဝောာ့ ဟော်ချွီအပေါ်မှာထားရှိတဲ့ သူ့အချစ်ကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်းဖော်ပြဖူးခြင်းဖြစ်သည်။ ဟော်ချွီသည် တစ်မိနစ်ခန့် ငြိမ်သက်တိတ်ဆိတ်သွားရပြီး ချစ်မေတ္တာထီဆုကြီးပေါက်ခြင်းကြောင့် မြူးကြွရွှင်လန်းမှုတွေလွှမ်းမိုးခံလိုက်ရပြီး ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်သွားရတော့သည်။

"ချင့်ဟွမ် မင်းတကယ်ပဲ ကိုယ့်ကိုသဘောကျတာလား? မင်းလည်း ကိုယ့်ကိုကြိိုက်တယ်ပေါ့?"

သူဟာ ယွီချင့်ဟွမ်အား တကြိမ်ပြီးတကြိမ် ထပ်ခါတလဲလဲအတည်ပြုနေခဲ့သည်။

"သေချာပေါက် ကြိုက်တာပေါ့" ယွီချင့်ဟွမ်သည် သူ၏လက်ကိုဆုပ်ကိုင်ထားပြီး နှလုံးသားမှာ နောင်တတရားတို့ဖြင့် ဆို့နင်နေရ၏။

သူအမြဲလိုတွေးထင်ထားခဲ့သည်မှာ အရာအားလုံး သူ့နေရာသူအတည်တကျဖြစ်တဲ့အချိန်ရောက်မှ ဟော်ချွီအပေါ်ထားရှိတဲ့ သူ့ခံစားချက်တွေကို ဝန်ခံပြောကြားသင့်တယ်လို့ပင်။

သို့ပေမယ့် ဟော်ချွီအနေနဲ့ ဘယ်လောက်တောင်မှ စိတ်အားငယ်နေရမလဲဆိုတာကို သူဘယ်တုန်းကမှထည့်မတွေးပေးမိခဲ့။ ဟော်ချွီမှာသူ့နှလုံးသားတခုလုံးကိုခွဲပြီး သူ့ရင်တွင်းခံစားချက်တွေကိုပြသခဲ့ပေမယ့် သူ့ဘက်ကတုံ့ပြန်မှုကိုတော့ ဘယ်တုန်းကမှပြန်မရခဲ့ပေ။

ဟော်ချွီသည် သာမန်လူများနှင့်မတူပေ။ ယွီချင့်ဟွမ်မှာ သူဖိအားတွေခံစားလာရသည့်အချိန်တိုင်း စိတ်လွတ်သွားရမည့်အစား သူ့အပေါ်ပို၍ စိတ်ရှည်သည်းခံသင့်ပေသည်။

"တောင်းပန်ပါတယ် ဟော်ချွီ မင်းရဲ့စိတ်သဘောထားနူးညံ့ကြင်နာမှုအပေါ် ငါတန်ဖိုးထားဖို့မပျက်ကွက်ခဲ့သင့်ဘူး"

စိတ်ကျေနပ်မှုတွေဖြင့်ပြည့်နှက်နေသည့် ထိုသူ့မျက်နှာချောချောကို ငေးစိုက်ကြည့်ရင်း ယွီချင့်ဟွမ်နှလုံးအိမ်မှာ နာကျင်အောင့်မျက်လာရသည်။

"ဒီလိုမျိုးအရာတွေကို ကြိုးစားလစ်လျူရှုထားဖို့ကိုရော.. မင်းရဲ့စိတ်သောကတွေကို တစ်ယောက်တည်းကြိတ်မှိတ်မျိုသိပ်ထားဖို့ကိုရော မလိုအပ်ဘူး၊ ငါမင်းအပေါ် မတရားသဖြင့်ဆက်ဆံမိတိုင်း မင်းငါ့ကိုစိတ်ဆိုးဒေါသထွက်နိုင်ပါတယ်"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now