Cha-59

5.1K 1K 47
                                    

[Unicode]

ယွီချင့်ဟွမ်သည် လူစုလူဝေးထဲ အုပ်စုကွဲမသွားစေ
ရန် ဟော်ချွီလက်အား တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလေသည်။ယခု သူဟာ အလွန်အမင်းနောင်တကြီးစွာရ‌နေတော့သည်။သူကျောက်ရွေအား ငြင်းဆန်ခဲ့သင့်၏။သို့ပါလျှင် ဤနေရာကရုတ်ရုတ်သဲသဲဖြစ်မှုကို ရှောင်ရှားလို့ရနိုင်ခဲ့မည်ဖြစ်သည်။

"ချင့်ဟွမ်! ချင့်ဟွမ်!"

ကျောက်ရွေက စိတ်လှုပ်ရှားစွာ နောက်ပြန်လှည့်လာပြီး ယွီချင့်ဟွမ်အား ဝံပုလွေတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်လို့နေကာ လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းက တီးတိုးရွတ်ဆိုလာသည်။

"မင်းကကောင်းချီးတွေနဲ့ Koi ပဲ! သေချာပေါက်ကို ဘုရားသခင်ကောင်းချီးပေးခံထားရတဲ့ Koi!”

သူ၏နီမြန်းနေသောမျက်နှာနှင့် အထင်းသားထွက်ပေါ်နေသောလည်ပင်းကသွေးကြောများက သူဘယ်လောက်စိတ်လှုပ်ရှားနေတယ်ဆိုတာကို ဖော်ပြနေသည်။ ယွမ် ၈.၅ သန်း အနိုင်ရခဲ့တာ သူလားလို့ပင်ထင်ရ၏။

လောင်းကစားဒိုင်မှာ စောင့်ကြည့်ဗီဒီယိုကိုဖွင့်ပြီး အသေအချာပြန်လည်သုံးသပ်ကြည့်ရှုနေခဲ့သည်။ လိမ်ညာလှည့်ဖြားသည့်အပြုအမူတစုံတစ်ရာကိုမှ မတွေ့ရလေမှ သူမဟာယွီချင့်ဟွမ်အားပြုံးပြလာပြီး 

"မင်းသူငယ်ချင်းပြောတာမှန်တယ် မင်းက တကယ့် Koi ပါပဲ.. ဒါမျိုးက နှစ်တစ်ဒါဇင်ကျော်လောက်မှ တစ်ခါပဲဖြစ်နိုင်တဲ့ကိစ္စလေ”

ယွီချင့်ဟွမ်သည် တရုတ်နိုင်ငံတစ်ဝှမ်းလုံးအထိ လူသိမများသေးတာကြောင့် လောင်းကစားဒိုင်မှာ သူ့အား ကံကောင်းလှသည့် ခပ်ချောချောဧည့်သည်အဖြစ်သာ မှတ်ယူထားခဲ့ပြီး ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် ဘယ်လိုမှမထင်ထားခဲ့ပေ။

“အဲ့ဒါက ကံလေးနည်းနည်းစွပ်သွားလို့ပါ” ယွီချင့်ဟွမ်သည် သူ့နဖူးကိုသူလက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။ မနာလိုဝန်တိုမှုတွေဖြင့် ဝန်းရံခံထားရခြင်းက သူအားသက်ပြင်းချမိစေ၏။

ဒါဟာအရမ်းကိုထူးဆန်းလွန်းပေသည်။ သူဟာ ယခုဘဝတွင် ကံကောင်းခြင်းများစွာဖြင့် မွေးဖွားလာသလိုခံစားရ၏။ သူ့အရင်ဘဝက ဆုံးရှုံးခဲ့ရတဲ့ကံကောင်းမှုတွေအားလုံးကို ဘုရားသခင်က သူ့ထံပြန်လည်ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားလေသလားလို့တောင် သူမနေနိုင်မထိုင်နိုင် ထင်မြင်မိနေလေပြီ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now