Cha-61

5.3K 992 62
                                    

[Unicode]

ယွီချင့်ဟွမ်မှာ မျက်လုံးများကိုမှေးကျင်းထားပြီး ရုတ်တရက်အလင်းရောင်စူးခနဲတောက်ပလာမှုအား အသားမကျခင် ဆယ်စက္ကန့်ကျော်လောက် အချိန်ယူလိုက်ရ၏။ သူဟာ ချင်ကျန့်ရဲ့ ဆုပ်ကိုင်မှုကနေ မသိမသာရုန်းထွက်လိုက်ပြီး အပြုံးတပွင့်ဖြင့်ဆိုလိုက်သည်။

"လမ်းမီးတိုင်တွေ ဒီနေ့ည တစ်ခုခုဖြစ်သွားတာနေမယ်။ အပေါ်တက်ပြီးမှ ဆက်ပြောကြရအောင်"

သူ့အပြုံးကပေါ့ပေါ့ပါးပါးလေးဖြစ်ကာ လှပသောမျက်ဝန်းများက တစ်ဖက်လူဆီ တည့်တည့်မတ်မတ်စိုက်ကြည့်နေသည်။ချင်ကျန့်နှင့်ကွဲပြားခြားနားစွာ သူသည် ပွင့်ပွင့်လင်းလင်း၊ဖော်ဖော်ရွေရွေရှိနေပြီး စိတ်ဂနာမငြိမ်ဖြစ်နေတာမျိုး၊ ရှိုးတိုးရှန့်တန့်ဖြစ်နေတာမျိုးရှိမနေပေ။

ချင်ကျန့်သည် သူ၏လစ်ဟာသွားသော လက်ဖဝါးကိုငုံ့ကြည့်ကာ သက်ပြင်းအသာချလိုက်မိ၏။

"ကောင်းပြီလေ"

ခုလိုအနှောက်အယှက်တွေနဲ့ကြုံကြိုက်လိုက်ရသည့်အတွက် သူဝန်ခံစကားပြောဖို့စေ့ဆော်မှုတွေမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ စိတ်အေးအေးထားပြီးနောက် သူပိုနားလည်သဘောပေါက်လာရသည်။

သူ၏ဖုန်းခေါ်ဆိုမှုကိုလက်ခံတာကနေ သူ့ဆီကအထိအတွေ့ကိုတုံ့ပြန်တဲ့ကိုယ်နေဟန်ထားအထိ ယွီချင့်ဟွမ်၏သဘောထားတုံ့ပြန်မှုအားလုံးက ရှင်းရှင်းလင်းလင်း၊ သိသိသာသာညွှန်းဆိုပြသနေခဲ့သည်မှာ အနှီသူသည် သူနှင့်ပတ်သက်၍ အခြားမည်သို့သောစိတ်ခံစားချက်မျိုးမှ လုံးလုံးလျားလျားရှိမနေခဲ့ကြောင်းကိုပင်။

ယွီချင့်ဟွမ်အတွက် သူသည် ရင်းနှီးသောသူငယ်ချင်းမိတ်ဆွေတစ်ယောက်သာ ဖြစ်၏။ သို့သော်ငြားလည်း သူသည် မျက်နှာပြောင်တိုက်၍ ထိုသူနှင့်အတူ အပေါ်သို့လိုက်တက်ချင်ကာ သူ့ခံစားချက်များကိုဖော်ပြရန် ကျန်ရှိသည့်တစ်ခုတည်းသောအခွင့်အရေးကို ဖမ်းဆုပ်ကိုင်ထားချင်ဆဲပင်။

ချင်ကျန့်၏အကြည့်များသည် ယွီချင့်ဟွမ်၏ ဖြောင့်မတ်နေသောကျောပြင်ပေါ်သို့ ကျရောက်သွားပြီး သူ့ရင်ဘတ်ထဲ အတန်ငယ်နာကျင်လာရ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now