အခန်း ၂

1.3K 70 2
                                    

[Unicode]
ပီချူးစံအိမ်သည် လူဂုဏ်တန်ရပ်ကွက်တစ်ခုတွင် ရှိနေပြီး ပန်းဥယျာဥ်သဖွယ် လှပသော ခြံဝင်းအကျယ်ကြီးထဲမှာ ဗိသုကာလက်ရာမြောက်စွာ ဆောက်လုပ်ထားသော နှစ်ဆောင်ပြိုင်အိမ်ကြီးလည်း ဖြစ်သည်။ စံအိမ်ကြီး၏ အရှင်သခင်သည် ဦးမင်းစေနိုင်သော်ပါလို့ ပြောနိုင်ပေမယ့် မိဘအမွေအနှစ်ဖြစ်သော စံအိမ်ကို ၎င်း၏ညီဖြစ်သော ဦးမင်းနေနိုင်သော်ကလည်း တစ်ဝက်ပိုင်ဆိုင်ထားသည်။ ခရီးစဥ်တစ်ခုမှာ ကံအကြောင်းမလှစွာ လေယာဥ်ပျက်ကျမှုကြောင့် မိဘဆုံးပါးသွားတဲ့နောက်ပိုင်း ဦးမင်းစေနိုင်သော်ကပဲ အစ်ကိုကြီးပီပီ မိဘတွေရဲ့စီးပွားရေးလုပ်ငန်းကို ဦးစီးဦးဆောင် လုပ်ကိုင်ခဲ့ရပြီးတော့ မိမိနှင့် အသက်ဆယ်နှစ်ကွာသော ညီလေးဖြစ်တဲ့ မင်းနေနိုင်သော်ကိုပါ စောင့်ရှောက်ပေးခဲ့ရသည်။

မင်းစေနိုင်သော်က ကုမ္ပဏီက အတွင်းရေးမှူးမလေး ဟေသာဦးနှင့် အိမ်ထောင်ကျပြီးချိန်မှာလည်း ကိုယ့်ရဲ့တစ်ဦးတည်းသောညီကို စိတ်မချနိုင်တာကြောင့်  တသီးတခြား အိမ်ခွဲနေထိုင်ခြင်း မပြုခဲ့ဘဲ ဒီစံအိမ်မှာသာ ဆက်လက်နေထိုင်ခဲ့သည်။ အဲ့ဒါကြောင့် ယခုအချိန်တွင် ဒီစံအိမ်ကြီးထဲမှာ ဦးမင်းစေနိုင်သော်တို့ မိသားစုအပြင် တစ်ဦးတည်းသော ညီဖြစ်တဲ့ ဦးမင်းနေနိုင်သော်တို့ လင်မယားပါ အတူနေထိုင်ကြသည်။

*တီး တီး..*

စေနိုင်သော်ရဲ့ကားဒရိုင်ဘာက ပေါ်တီကိုအောက်မှာ ကားထိုးရပ်ကာ ဟွန်းသံပေးလိုက်တာနဲ့ အိမ်အကူမိန်းကလေးတစ်ယောက်က အိမ်ထဲမှ အလျင်အမြန် ပြေးထွက်လာကာ ကားတံခါးလာဖွင့်ပေးသည်။ စေနိုင်သော်သည် ကိုယ့်အခန်းကို တန်းမဝင်နိုင်သေးဘဲ ဧည့်ခန်းမှာ ထိုင်လိုက်သည်။ ခေါင်းထဲမှာလည်း အဆက်မပြတ် ပေါ်လာနေသော အတွေးများစွာနဲ့။ Vintage ဟိုတယ်မှာ ဖြစ်သွားခဲ့တာတွေကို ပြန်တွေးမိသည်။ အဲ့ဒီအဖြစ်အပျက်ကြောင့် ပွဲစီစဥ်သူက လေလံပွဲကို ရွှေ့ဆိုင်းလိုက်ရသည်။ အဲ့ဒီအချိန်တုန်းက ကြားလိုက်ရသော သေနတ်သံသည် မိမိတို့ညီအစ်ကိုနှင့် နီးနီးကပ်ကပ်မှာ ဖြစ်သွားခဲ့တယ်လို့တောင် ထင်မှတ်ရသည်။ ညီအစ်ကိုနှစ်ဦးစလုံးသည် ကံသီပေလို့သာ ဘယ်နေရာမှ ထိခိုက်မှု မရှိခဲ့ပေမယ့်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်လာ‌သောလုပ်ကြံမှုပေပဲမို့ ဘယ်လိုအကြောင်းချင်းအရာတွေကြောင့် ဒီလိုကိစ္စမျိုးဖြစ်သွားရတာကို တွေးတောရပြန်သည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now