အခန်း ၃၀ (ဇာတ်သိမ်း)

1.8K 64 6
                                    

[Unicode]
မင်းနေနိုင်သော်သည် ပီချူးရဲ့ကားကို အိမ်မှာ သွားပြန်ထားပေးဖို့အတွက် နေ့လယ်နေ့ခင်းလောက်မှပဲ ပန်းချီအရောင်းပြခန်းကနေ ထွက်လာလိုက်သည်။ ခြံရှေ့ကားထိုးရပ်ပြီး ဟွန်းသံပေးကာ ခြံစောင့်ကြီးက ခြံတံခါးဖွင့်ပေးလာတာနဲ့ အိမ်ရှေ့ဆင်ဝင်အောက်ကိုရောက်တဲ့အထိ မောင်းဝင်ပြီးမှ ကားကို ရပ်လိုက်သည်။ ဆင်ဝင်အောက်ထဲ ထိုးရပ်လာသော Tesla အပြာရောင်ကို လှမ်းမြင်လိုက်သော အိမ်အကူတစ်ဦးသည် မျက်နှာလေးကို ဝင်းလက်သွားကာ အိမ်ရှေ့ဧည့်ခန်းကနေ ကားကိုလှမ်းကြည့်ရင်း တစ်အိမ်လုံး ကြားနိုင်လောက်သောအသံဖြင့် အော်ပြောပါတော့သည်။

"အစ်ကိုလေး ပီချူး ပြန်လာပြီ၊ အစ်ကိုလေး ပီချူး ပြန်လာပြီရှင့်၊ အစ်ကိုလေး ပီချူး ပြန်လာပြီ"

အိမ်အကူမိန်းကလေးသည် ကားမောင်းလာသူကို သတိမပြုမိဘဲ Tesla ကားကို မြင်လိုက်ရုံနဲ့ ပီချူးအိမ်ပြန်လာတယ်လို့ပဲ ယူဆလိုက်ပုံရသည်။ ပီချူး အိမ်က ထွက်သွားတဲ့ကိစ္စက တော်တော်ဂယက်ရိုက်နေပုံရသည်။ မင်းနေနိုင်သော်သည် သက်ပြင်းချကာ အိမ်ကြီးထဲကို ဝင်လာလိုက်သည်။ မင်းနေနိုင်သော် ကို မြင်တွေ့ကြသော အိမ်အကူတွေသည် မျက်စိကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်ကြကာ ပီချူးကို ရှာကြသည်။ မင်းနေနိုင်သော်နှင့်အတူ ကားပေါ်မှာ ပီချူးပါလာလိမ့်မည်ဟု ယူဆကြပုံရကာ အဲ့ဒီလူတွေရဲ့အကြည့်တွေသည် မင်းနေနိုင်သော်ကို ကျော်လွန်ကာ အိမ်အဝင်ပေါက်ကို မျက်စိရောက်ကုန်ကြသည်။

"အိမ်ပြန်လာပြီလား ညီငယ်၊ ပီချူး ပါလာတယ်ဆို၊ ဘယ်မှာလဲ"

နှစ်ဆောင်ပြိုင် အိမ်ကြီး၏ အပေါ်ထပ်ကနေ အစ်ကိုကြီးတို့ သားအဖကလည်း လှေကားကို သွက်သွက်နင်းပြီး ဆင်းလာကြသည်။ လှေကားအဆင်းမှာ မင်းနေနိုင်သော်နှင့် ထိပ်တိုက်တွေ့တဲ့အခါ အစ်ကိုကြီးနှင့် စေရာသည် ခုနတုန်းက အိမ်အကူတွေလိုပင် မျက်စိကို ကျီးကန်းတောင်းမှောက် နေရာရွှေ့ကာ ပီချူးကို လိုက်ရှာကြသည်။ သားအဖတွေကို ကြည့်ကာ မင်းနေနိုင်သော်သည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီးမှ လက်ထဲဆုပ်ကိုင်ထားသော ကားသော့ကို အစ်ကိုကြီးရဲ့လက်ထဲကို ထည့်ပေးလိုက်တော့သည်။

🎉 You've finished reading ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာ 🎉
ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now