အခန်း ၂၇

684 27 0
                                    

[Unicode]
ပီချူးစံအိမ်အတွင်း အမျိုးသားတစ်ဦး၏ စန္ဒယားတီးခတ်သံက ညချမ်းချိန်ခါတွင် သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ စန္ဒယားကို တီးခတ်နေသော ထိုယောင်္ကျားသည် မျက်ဝန်းတွေကိုမှိတ်၊ ဦးခေါင်းကို ညွှတ်ယိမ်းကာ သံစဥ်တွေကြား စီးမျောလိုက်ပါရင်း စန္ဒယားကို တီးခတ်နေသည်။ မရှေးမနှောင်းမှာပင် ဂစ်တာသံစဥ်နှင့်အတူ အိမ်ကြီး၏ အပေါ်ထပ်ထိ ပျံ့လွင့်လာသော သီချင်းသံကြောင့်ပင် စန္ဒယားတီးနေသူသည် မျက်လုံးအစုံကို ပြန်ဖွင့်ကာ စန္ဒယားတီးခြင်းကို ရပ်လိုက်သည်။ စန္ဒယားခုံပေါ်တွင် တင်ထားသော အရက်ပုလင်းကိုကောက်ဆွဲကိုင်ကာ အခန်းပြတင်းပေါက်မှာ ရပ်၍ ခြံကျယ်ကြီးကို စီးမိုးကြည့်လိုက်သည်။

ထိုယောင်္ကျားသည် အရက်ပုလင်းကို နှုတ်ခမ်းမှာတေ့ကာ အရက်ကို အရသာခံသောက်ရင်း ခြံထဲတွင် ဂစ်တာတီးနေသော ကောင်လေးကို လှမ်းကြည့်နေခဲ့သည်။ ပြီးနောက် စိတ်မသက်မသာသော မျက်နှာမျိုးဖြင့် ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီးမှ ထိုသူသည် ခြံထဲကို လိုက်ဆင်းသွားခဲ့သည်။ ဂစ်တာတီးကာ သီချင်းကို တစ်ပုဒ်ပြီးတစ်ပုဒ် ညည်းဆိုနေသော ကောင်လေးနှင့် ခုံတန်းရှည်တစ်လုံးတည်းမှာ အတူဝင်ထိုင်ကာ ထိုသူသည် အရက်သောက်ရင်း ကောင်လေးဆိုသမျှသီချင်းကို ဆက်နားထောင်ပေးနေလေသည်။

လူတွေက သိပ်ပြောတဲ့
ကြင်နာသူ သူ့အကြောင်းလေး
အိုအဆိုးတွေ အဆိုးတွေ အများကြီး...
ကိုယ့်နား ထုံသွားအောင် ကိုယ်ကြားပြီး ♪♪♪

ဘယ်အခါ ကိုယ်မမေ့သေးတဲ့
ကြင်နာသူ သူ့အပြုံးလေး
ဟိုအပြုံး ဒီအပြုံးတွေ သတိရ
ဆင်ခြင်ဖို့ ဆိုတာ
ဝေးလွန်းတဲ့ ကိုယ့်နှလုံးသား ♪♪♪

ဘယ်နေရာမှာ ရှိလိမ့်မလဲ
ကိုယ်ကိုယ်တိုင်လည်း မသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး
မင်းရဲ့အကြောင်းကို တွေးရင်း
ဘယ်သူနဲ့ မင်းရှိမလဲ
ဘယ်ရင်ခွင်မှာ အိပ်စက်မလဲ
ကိုယ်မသိဘူး မဆိုင်ပါဘူး
မင်းလေး ကိုယ့်ကို
သတိရ ပြီးတာပဲ ♪♪♪

သူ ပြန်လာ မလားလို့
ကိုယ် အိမ်ရှေ့ တံခါးလေး
အိုအမြဲ ဖွင့်ထားတယ် လာခဲ့ပေါ့..
ကိုယ်အကြောင်းတွေ သတိရရင် လာခဲ့ပေါ့
ဟူးဟူးဟူး ♪♪♪

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now