[Unicode]
မနုဿသည် ဆိုင်ကယ်ကို တရှိန်ထိုးမောင်းလာကာ သိပ်မကြာခင်မှာ ပိုးမြို့တော်အစွန်က ခေတ်တစ်ရာတည် ခြံကျယ်ကြီးကို ပြန်ရောက်လာသည်။ ကိုယ့်အခန်းကို ပြန်ရောက်မှ မျက်နှာပေါ် အုပ်ကွယ်ထားတဲ့ mask ကို ချွတ်၊ လက်အိတ်ကိုပါ ဆွဲချွတ်ပြီးမှ ကုတင်ပေါ်ကို ပစ်လှဲချလိုက်သည်။ ဒီညမှာ လှုပ်ရှားဖြစ်ခဲ့တဲ့ mission က အောင်မြင်ခါနီးမှ ကျရှုံးခဲ့ရသည်။ အရှုံးထဲကမှ အမြတ်ရလိုက်တာကတော့ ပီချူးစံအိမ်ရဲ့ အနေအထားနှင့် လမ်းကြောင်းကို သိရှိသွားခြင်းပဲ။ထပ်ပြီးတော့ သိရှိလိုက်တာက ဦးမင်းစေနိုင်သော်မှာ သားတစ်ဦးထက်မနည်း ရှိနေတာပဲ။ အဲ့ဒါ ထူးဆန်းသည်။ မနုဿတို့အားလုံး သိထားတာက ဦးမင်းစေနိုင်သော်မှာ ညွန်းစေရာလို့ခေါ်တဲ့ သားတစ်ယောက်ပဲ ရှိတာ။ ဒယ်ဒီကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သိနိုင်လောက်သည်။ မနုဿ အခုမှ အတွေးပေါက်သည်။ ပီချူးလို့ ခေါ်တဲ့ ညွှန်းဝေဖြာနှင့် မနုဿက လည်ပင်းမှာ မှဲ့သုံးလုံးတန်းလေးတွေ ပါရှိတာချင်း တူညီတာကြောင့် ညွှန်းစေရာကလည်း မနုဿရဲ့လည်ပင်းကို စိတ်ဝင်တစားနဲ့ ကြည့်တတ်တာကိုး။
"ဘယ်လိုလဲ မနုဿဧကန်၊ မင်းစေနိုင်သော်ကို သတ်နိုင်ခဲ့ရဲ့လား"
"ဒယ်ဒီ"
"မင်း ဘယ်အချိန် သတင်းပို့မလဲလို့ ငါစောင့်နေတာ၊
ဆိုင်ကယ်သံကြားပြီး ဘာသတင်းမှ ရောက်မလာလို့ ငါကိုယ်တိုင်ပဲ မင်းအခန်းကို ရောက်လာပေးတာ"မနုဿ အိမ်ပြန်ရောက်တော့ ကိုယ့်အခန်းကိုပဲ တန်းဝင်လာလိုက်တာ။ Mission မအောင်ခဲ့တာဆိုတော့ ဒယ်ဒီ့ကိုလည်း သတင်းမပို့ဖြစ်လိုက်ဘူး။ ဒါပေမဲ့ ဒယ်ဒီက ဒီအချိန်အထိ မအိပ်နိုင်သေးဘဲ မနုဿရဲ့ အခန်းကိုရောက်လာသည်။ ဒယ်ဒီ့အသံကြားတာနဲ့ မနုဿလည်း ကုတင်ပေါ်မှ ငေါက်ခနဲထကာ ဒယ်ဒီ့အရှေ့ကို လျှောက်သွားလိုက်သည်။ ဒီတစ်ခါလည်း ဦးမင်းစေနိုင်သော်ကို သတ်ရတဲ့ကိစ္စက မအောင်မြင်ခဲ့တာမို့ ဒယ်ဒီ့ကို ဘယ်လိုပြောရပါ့မလဲ။
"Mission မအောင်မြင်ခဲ့ဘူး ဒယ်ဒီ၊ အခွင့်အရေး ရခါနီးမှ လူမိသွားလို့ အဖမ်းမခံရအောင် မနည်းပြန်ပြေးလာရတာ"
YOU ARE READING
ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာ
Romanceအချစ်နဲ့လား .. ဆုံတွေ့ချင်တာပေါ့။ ဒါပေမဲ့ .. အချစ်နဲ့ တွေ့ဆုံဖို့ ကျွန်တော့်လိပ်ပြာက ညစ်ပတ်လွန်းတယ်။