အခန်း ၈

608 39 2
                                    

[Unicode]
မနုဿသည် ကုမ္ပဏီမှာ တစ်နေကုန် ဘာအလုပ်မှမလုပ်ပေးလိုက်ရဘဲ ဖုန်းသုံးရင်း၊ ညွှန်းစေရာဆိုတဲ့ လူကြီးကို အကြည့်တွေနဲ့ ထိုင်ကလိရင်းနဲ့ပဲ ရုံးဆင်းချိန်ကို ရောက်သွားသည်။ ရုံးဆင်းသွားတာနဲ့ စားပွဲပေါ် တင်ထားတဲ့ ဂျက်ကက်ကိုပါ တစ်ခါတည်းဝတ်၊ ဆိုင်ကယ်သော့ကို ကောက်ဆွဲပြီးမှ အဲ့ဒီလူကြီး ထိုင်နေတဲ့ အလုပ်စားပွဲကို လျှောက်သွားလိုက်သည်။

"အလုပ်ဆင်းချိန် ရောက်ပြီ CEO၊ ကျွန်တော် ပြန်တော့မယ်"

"အင်း"

စေရာသည် အဲ့ဒီကောင်လေးကိုကြည့်ကာ မေးဆတ်ပြလိုက်သည်။ အဲ့ဒီကောင်လေး အခန်းထဲက ထွက်သွားတာနဲ့ စေရာလည်း အလုပ်ဆင်းလိုက်သည်။ အဲ့ဒီကောင်လေး ပြန်မယ့်နေရာကို နောက်ယောင်ခံလိုက်ကြည့်ချင်လာတာမို့ စေရာလည်း အဲ့ဒီကောင်လေးရဲ့ ဆိုင်ကယ်အနောက်ကနေ ကိုယ့်ကားကို မသိမသာ လိုက်မောင်းသွားလိုက်သည်။ အဲ့ဒီကောင်လေး အိမ်ပြန်တဲ့လမ်းက ကုမ္ပဏီနဲ့ အတော်ဝေးဝေးပဲ။ မြို့အစွန်ဘက်ကိုတောင် ရောက်လာတာ။ မြို့အစွန်ကနေ မြို့ပြင်ဘက်ကိုပါ ရောက်လာပြီးတော့ စေရာ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတစ်နေရာကို ရောက်ရှိလာသည်။

Rival မြင်းစီးကွင်းတဲ့။ အဲ့ဒါကြောင့်များ ဒီကောင်လေးက မြင်းစီးတဲ့အလုပ်ကို သူအကျွမ်းကျင်ဆုံးလို့ ပြောခဲ့တာလား။ အဲ့ဒီကောင်လေးက ဆိုင်ကယ်ကိုထိုးရပ်ကာ မြင်းစီးကွင်းရဲ့ တစ်နေရာကို ထွက်သွားသည်။ စေရာလည်း စပ်စုချင်နေတာမို့ ကိုယ့်ကားကို ပါကင်ထိုးကာ အဲ့ဒီကောင်လေးရဲ့ အနောက်ကို အမှီလိုက်သွားသည်။ ဒါပေမဲ့ စေရာ မမှီလိုက်ပါ။ အဲ့ဒီကောင်လေးကို မျက်ခြည်ပြတ်သွားတာကြောင့် စေရာသည် မျှော်မဆုံးတဲ့ မြင်းစီးကွင်းကို ဟိုဟိုဒီဒီ ရပ်ငေးကြည့်ကာ ဒီကောင်လေးကို လိုက်ရှာနေမိသည်။

"ဧည့်သည်ခင်ဗျာ.. မြင်းစီးဖို့ လာတာလား"

"ဪ.. ဟုတ်ကဲ့"

"အဲ့ဒါဆို ဒီဘက်ကို လိုက်လာပြီး မြင်းရွေးပေးပါ"

"ကောင်းသားပဲ၊ ရောက်တုန်းလေး စီးကြည့်တာပေါ့"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now