အခန်း ၂၂

711 50 6
                                    

[Unicode]
ခေတ်တစ်ရာတည်သည် ကျားကြီးဆီကနေ မိုးမာန်ဝင့်လွှားရဲ့ သတင်းအစုံအလင်ကို ကြားလိုက်ရပေမဲ့ သိပ်တော့လည်း မအံ့သြပေ။ ဝင့်လွှားက အချစ်ကို ကိုးစားတဲ့ကောင်ဆိုတော့ ကိုယ့်ကို သစ္စာဖောက်ပြီး အချစ်ကိုသာ ရွေးချယ်သွားသည်။ အားကိုးရသည့် လူတော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာမို့ ခေတ်တစ်ရာဂိုဏ်းအတွက် အထိနာသည်။ ဒါပေမဲ့ ကိုယ့်အကြံအစည်ကို ပျက်စီးအောင် ပြုလုပ်ခဲ့ခြင်းသည် ကိုယ့်ကိုသစ္စာဖောက်ခြင်းပဲမို့ အပြစ်ပေးရလိမ့်မည်။

"ဟေး.. အနားမှာ ဘယ်သူရှိလဲ"

"ကျွန်တော်ရှိပါတယ် ဆရာကြီး"

"အဖွဲ့သားတွေကို သွားပြော၊ ခေါင်းဆောင်က ပြောတယ်၊ စုရပ်ကို ချက်ချင်းလာခဲ့လို့"

"ဟုတ်ကဲ့ ဆရာကြီး"

ဂိုဏ်းသားတစ်ယောက်ကို အလုပ်ပေးလိုက်တာနဲ့ မကြာခင်မှာ အားလုံးစုဝေးတဲ့ ခန်းမကျယ်ထဲကို ဂိုဏ်းသားတွေ တဖွဲဖွဲရောက်ရှိလာကြသည်။ ခေတ်တစ်ရာတည်သည် အရှေ့ဆုံးမှာရပ်ကာ ဂိုဏ်းသားတစ်ဦးချင်းစီကို လိုက်ကြည့်သည်။ ဂိုဏ်းသားတွေထဲကမှ တိုက်ရည်ခိုက်ရည်ရှိသူတွေကိုသာ ရွေးထုတ်သည်။ ပြီးတော့ အဲ့ဒီလူတွေကို တာဝန်ပေးဖို့ စီစဥ်ရသည်။

"ဒီအိမ်မှာ ဘာတွေ အပြောင်းအလဲဖြစ်နေလဲဆိုတာ မင်းတို့ကောင်တွေလည်း ကြားပြီးလောက်ရောပေါ့၊ မနုဿအဖေနဲ့ ငါ့ကြားမှာ သွေးကြွေးရှိခဲ့တယ်၊ အဲ့ဒီသွေးကြွေးကိုပြန်ယူဖို့ ဒီညမှာ မင်းစေနိုင်သော်ကို သူ့သားနဲ့ အယောင်ပြပြီး အပျောက်ဖျောက်ဖို့ ရှိတယ်၊ အဲ့ဒီကိစ္စအတွက် ကျားကြီးက မြို့ပြင်က ဂိုထောင်ပျက်မှာ စခန်းချထားပြီးပြီ၊ မင်းတို့က ကျားကြီးကို အင်အားဖြည့်ပေးလိုက်ကြ"

"ဟုတ် ဆရာကြီး၊ မိုးမာန်ဝင့်လွှား သတင်းကိုလည်း ကြားထားပါတယ်၊ အဲ့ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ"

"ငါ့အကြံအစည်ကို ဖျက်ဆီးရင် ငါ့ကို သစ္စာဖောက်တာနဲ့ အတူတူပဲ၊ သစ္စာဖောက်တို့ရဲ့ သွားရာလမ်းအတိုင်းပဲ စီရင်ရမယ်၊ အဲ့ဒီကိစ္စကို အားလုံးအရှေ့မှာ စံနမူနာဖြစ်အောင် မနက်ဖြန်ကျမှ စီစဥ်မယ်"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now