အခန်း ၁၄

573 31 1
                                    

[Unicode]
မနက်ခင်း ၈ နာရီခွဲလောက်တွင် စေရာ အလုပ်သွားဖို့ ပြင်ဆင်သည်။ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်စားရတာ ကြိုက်သူမို့ ရှပ်အင်္ကျီအဖြူကို နေဗီပြာရောင် ကုတ်အင်္ကျီ၊ နေဗီပြာရောင် စတိုင်ပန်နှင့် တွဲဝတ်လိုက်သည်။ နာရီအတွက် Piaget တံဆိပ်ကို ရွေးချယ်ဖြစ်သည်။ အားလုံးပြီးမှ Dior ရေမွှေးကို လက်ကောက်ဝတ်မှာ တစ်ချက်နှစ်ချက် ဆွတ်သည်။ ပြီးမှ အောက်ထပ်ကိုဆင်းပြီး အိမ်သားတွေနှင့်အတူ မနက်စာ ထိုင်စားဖြစ်သည်။

မနက်စာ စားပြီးနောက် စေရာ အလုပ်မသွားခင်မှာ ဖေဖေတို့အခန်းကို တစ်ခေါက်ဝင်သွားဖြစ်သည်။ ဖေဖေက လမ်းမလျှောက်နိုင်သေးတာကြောင့် အိမ်မှာပဲ ဝှီးချဲသုံးပြီး သွားလာနေရသည်။ မနက်ဖြန်က တနင်္ဂနွေဆိုတော့ စေရာတို့ကုမ္ပဏီ ပိတ်သည်။ အဲ့ဒီနေ့မှာ ဖေဖေ့ကို Medical Check Up ပြန်လုပ်ပေးဖို့ စိတ်ကူးထားသည်။

ဖေဖေက အခန်းနဲ့ တစ်ဆက်တည်းပါတဲ့ ဝရန်တာမှာ တစ်ယောက်တည်း ရှိနေသည်။ ဖေဖေသည် ဝှီးချဲပေါ်မှာထိုင်ရင်း ခြံကြီးကို ငုံ့မိုးကြည့်နေရာမှ စေရာက အနားမှာ သွားရပ်လိုက်တာမို့ ဖေဖေက စေရာ့ကို ပြောင်းကြည့်လာသည်။ ဖေဖေက လူမမာဆိုပေမဲ့ အရင်နေ့တွေတုန်းက မျက်နှာလန်းသေးသည်။ ဒီမနက်မှာတော့ ဖေဖေ့မျက်နှာက သိသိသာသာကို နွမ်းဖျော့နေသည်။

"ဆေးသောက်ပြီးပြီလား ဖေဖေ၊ ဒီမနက်မှာ မျက်နှာသိပ်မလန်းဘူး ဖြစ်နေတယ်နော်"

"ညတုန်းက အိပ်ရေးပျက်သွားလို့ထင်တယ် သားရဲ့"

"ကျွန်တော် လုံခြုံရေးအင်အားကို ထပ်တိုးလိုက်ပါမယ်၊ နောက်ပြီး ဖေဖေတို့နဲ့ ညလာအိပ်ပေးမယ်"

"ရပါတယ်၊ သားက ကုမ္ပဏီအလုပ်တွေကို ဦးစီးပြီး လုပ်နေရတာ၊ အိပ်ရေးဝဝ အိပ်သင့်တာပေါ့၊ ဖေဖေ့အတွက် အဲ့လောက်အထိ ကရိကထ များမနေပါနဲ့၊ မင်းအမေတစ်ယောက်လုံး အနားမှာ ရှိနေတာကို"

"ဟိုလေ ဖေဖေ.. ညတုန်းက ကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုများ စဥ်းစားမိတာမျိုး ရှိသလား"

"ညတုန်းက အိမ်ထဲခိုးဝင်လာတဲ့ လူဆိုးကောင်က ခြံထဲမှာ သားနဲ့လည်း ထိပ်တိုက်တွေ့ကြသေးတယ်ဆို၊ ဒါပေမဲ့ သားကိုတော့ အဲ့ဒီကောင်က ထိခိုက်အောင် မလုပ်သွားဘူးလို့ ကြားတယ်"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာKde žijí příběhy. Začni objevovat