အခန်း ၉

621 45 2
                                    

[Unicode]
ည ၁၁ နာရီဝန်းကျင်တွင် Freedom အမည်ရသော Club အရှေ့သို့ ကားတစ်စီး ထိုးရပ်လာသည်။ ကားပေါ်မှ ဆင်းလာသူသည် မျက်စိကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း Club ထဲကိုဝင်လာသည်။ ရောင်စုံမီးဆလိုက်များအောက်တွင် အဖျော်ယမကာမျိုးစုံကို မှီဝဲနေကြသူများ၊ မြူးကြွနေသော ဒီဂျေသံနှင့်အတူ မြူးထူးကခုန်နေကြသူများနှင့် အမှောင်ရိပ်ကျသော နေရာများတွင် အပေးအယူတည့်နေကြသော စုံတွဲများစွာကိုလည်း တွေ့ရှိရသည်။

"အစ်ကိုလွှား.. ဘယ်သူ့ကို လာရှာတာလဲ"

"ထုံးစံအတိုင်းပေါ့၊ ဿကို လာရှာတာ၊ အိမ်ပြန်မလာသေးလို့"

"ဪ... မနုဿက ဟိုဘက်ချောင်ထဲမှာ ရှိနေတာ၊ အစ်ကိုလွှား အခုနေသွားရင် အဆင်မပြေလောက်ဘူးထင်တယ်၊ သူတို့တွေ မှောင်ရိပ်ခိုနေကြတာ"

"ဘာ! ဿက ဘာလုပ်နေတယ်"

"ဟို.. အဲ့ဒါက.. ပါတနာတစ်ယောက်နဲ့"

"ရပြီ၊ ငါ့ကို ဿရှိတဲ့နေရာ ခေါ်သွားပေး"

"ဟုတ်၊ အဲ့ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့ပေး"

မိုးမာန်ဝင့်လွှားသည် ပေါက်ကွဲချင်နေတဲ့ စိတ်ကို ချိုးနှိမ်ပြီးတော့ လိုက်သွားသည်။ ဒီနေရာကို ဝင့်လွှားက ခဏခဏ ရောက်ဖြစ်သည်။ အထူးသဖြင့် ဿကို လာရှာရတဲ့အခါတွေမှာပေါ့။ ဒီဘားက ဘားတွေများစွာထဲကမှ နည်းနည်းလေး ပုံစံကွဲနေသော ဘား။ ယောင်္ကျား၊ မိန်းမ အစုံကို ဘားမှာ တွေ့မြင်နိုင်ပေမယ့် အားလုံးက လိင်တူချစ်သူတွေချည်းသာ။ လိင်တူချစ်သူတွေကသာ ဒီဘားကို ရောက်လာတတ်ကြတာ။

"ဟိုမှာ အစ်ကိုလွှား၊ ကျွန်တော် မလိုက်ပို့တော့ဘူးနော်၊ ကိုယ့်ဘာသာပဲ သွားကြည့်လိုက်တော့"

"အင်း၊ ကျေးဇူးပဲ၊ ရော့.. မင်းအတွက် မုန့်ဖိုး"

"ဟုတ်၊ ကျေးဇူးပါ၊ အဲ့ဒါဆို ကျွန်တော် သွားတော့မယ်"

Waiter လေးက အမှောင်ရိပ်ကျနေသော နေရာတစ်နေရာကို လက်ညိုးညွှန်ပြပြီးမှ လှည့်ထွက်သွားသည်။ ဝင့်လွှားသည် မပြေးရုံတမယ် သွက်သွက်လှမ်းသွားကာ အဲ့ဒီနေရာကို လျှောက်သွားလိုက်သည်။ အဲ့ဒီနေရာနဲ့ နီးလာလေ၊ ပုံရိပ်တွေက ထင်ရှားလာလေပဲ။ ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးပေမယ့် တစ်ခါမြင်ရတိုင်းမှာ တစ်ခါ ရင်ထဲနာကျင်ရသည်။ မနုဿဧကန်က အဲ့ဒီလိုကောင်လေးပဲ။ တစ်ခုခုကို သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်မိသွားပြီဆိုရင် Freedom ကလပ်ကို လာပြီးတော့ မူးနေအောင် သောက်စား၊ တွေ့ရာမြင်ရာ ယောင်္ကျားတစ်ယောက်နဲ့ ငြိပစ်ပြီး အမှောင်ရိပ် ခိုနေတတ်သည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now