အပိုင်း ၁၇

577 35 1
                                    

[Unicode]
မနုဿသည် ပီချူးစီးပွားရေးလုပ်ငန်းစု ကုမ္ပဏီကို ရောက်တဲ့အထိ လမ်းမှာ ဘယ်နေရာမှ မရပ်ဘဲ ကားကို မောင်းသွားလိုက်သည်။ ကုမ္ပဏီကိုရောက်တော့ မနုဿက ညွှန်းစေရာရဲ့ လက်ဆွဲအိတ်နှင့် ဖိုင်တွဲကို ပြန်ကိုင်ပေးရသည်။ ညွှန်းစေရာက ပန်းချီကား ဆွဲအိတ်ကို သူ့ဘာသာ ဆွဲသွားသည်။ ကောင်လေးတစ်ယောက်ကို လက်ဆောင်ပေးချင်လို့ ဦးငယ်ကို ပန်းချီဆွဲခိုင်းသတဲ့။ အဲ့ဒီလိုကျ ဒီလူကြီးက Romantic ဆန်တတ်သား။

"အဲ့ဒါဆို ကျွန်တော် ဟိုဘက်အခန်းကို ပြန်တော့မယ်နော် CEO"

"အခုမှ ပြန်ရောက်တာဆိုတော့ မင်းလည်း နားလိုက်ဦးလေ၊ လိုအပ်မှ လှမ်းခေါ်လိုက်မယ်"

CEO ရုံးခန်းကို ပြန်ရောက်တဲ့အခါ ညွှန်းစေရာက နေဗီပြာရောင် အပေါ်ထပ် ကုတ်အင်္ကျီကို ချွတ်ရင်း စကားကို အဲ့ဒီလောက်လေးပဲ တိုတိုတုတ်တုတ်ပြောလာသည်။ မနုဿလည်း သူ့အခန်းထဲကနေ ထွက်လာပေးလိုက်သည်။ ကိုယ့်အခန်းကို ပြန်ရောက်မှ မနုဿ ပြန်တွေးမိသည်။ ဒယ်ဒီက အဲ့ဒီပန်းချီပြခန်းရဲ့ အနီးတဝိုက်ကို ဘာလာလုပ်တာလဲ။ ဒယ်ဒီက ဦးငယ်ကို သတ်ချင်နေလို့လား။ ဒါမှမဟုတ် မနုဿကို နောက်ယောင်ခံလိုက်နေတာလား။

မနက်ဖြန်မှာ မနုဿက ဦးမင်းစေနိုင်သော်ကို သတ်လို့ရနိုင်တဲ့ အခွင့်အရေးတစ်ခုကို ထပ်ရဖို့ ရှိသည်။ ဦးမင်းစေနိုင်သော်က medical check up လုပ်ဖို့အတွက် ဆေးရုံကို သွားမည်။ အဲ့ဒီအချိန်မှာ ဦးမင်းစေနိုင်သော်ကို လုပ်ကြံနိုင်ရင် မနုဿက နောက်ရက်တွေမှာ အလုပ်လာဆင်းစရာကို မလိုတော့တာ။ အဲ့ဒါကြောင့် ဒီနေ့သည် နောက်ဆုံးအလုပ်ဆင်းရတဲ့ရက်တောင် ဖြစ်ကောင်းဖြစ်နိုင်သည်။

အဲ့ဒီလို တွေးကြည့်လိုက်တော့လည်း ဝမ်းနည်းသလို ခံစားရသည်။ မနက်ဖြန်မှာ ဦးမင်းစေနိုင်သော်ကိုသာ တကယ်သတ်နိုင်ခဲ့ရင် ညွှန်းစေရာနဲ့ ကောင်းမွန်နေတဲ့ ဆက်ဆံရေးဟာလည်း အဆုံးသတ်ပြီပဲ။ ညွှန်းစေရာက မနုဿကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံနေတယ်ဆိုတာက သူ့အဖေကို လုပ်ကြံတဲ့ တရားခံဟာ မနုဿဧကန်ပါလို့ အတိအကျမပြောနိုင်လို့ပဲ။ အမှန်တရားကိုသာ သိသွားခဲ့ရင် ညွှန်းစေရာက ဒီအတိုင်း ငြိမ်နေမှာတော့ မဟုတ်ဘူး။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now