အခန်း ၂၀

642 44 1
                                    

[Unicode]
စေရာသည် ကိုယ့်ကို ကျောခိုင်းသွားခဲ့တဲ့ ကောင်ဆိုးလေးရဲ့ နောက်ကျောပြင်ကို လှမ်းငေးကြည့်ကာ ဝေ့သီစပြုနေတဲ့ မျက်ရည်တွေကို လိမ့်ကျမလာအောင် မျက်တောင်တွေကို ပုတ်ခတ်လိုက်ရသည်။ စိတ်ကိုတင်းပြီး တစ်နေရာကို အကြည့်လွှဲလိုက်ကာ ဖေဖေတို့ဆီကို လျှောက်သွားလိုက်သည်။ ဦးငယ်က ဖေဖေ့ကို ဝှီးချဲပေါ် ပြန်တွဲတင်ပေးကာ ဖေဖေ့အနောက်မှာ ရပ်နေသည်။

"ဖေဖေ အဆင်ပြေရဲ့လား၊ ဘယ်နား ထိခိုက်သွားသေးလဲ"

"ဖေဖေ ဘာမှမဖြစ်ဘူး၊ ကိစ္စတွေက အထင်အမြင်လွဲမှားမှုကြောင့် ဖြစ်နေတာ၊ ပြီးရင် သားကို ဖေဖေရှင်းပြမယ်"

"ဖေဖေ ရှင်းမပြလည်း ဖုံးကွယ်ထားတဲ့ကိစ္စတွေကို ဦးငယ်ပြောပြပေးလို့ ကျွန်တော် သိပြီးပြီ၊ ကျွန်တော် ထပ်သိချင်တာက ဧကန့်အဖေက ဘယ်သူလဲဆိုတာပဲ"

ဖေဖေသည် အံ့သြရိပ်တွေ သမ်းသွားသော မျက်ဝန်းတွေနဲ့ စေရာ့ကို ကြည့်လာသည်။ ပြီးတော့ ခေါင်းကို စောင်းငဲ့ကာ သူ့အနောက်မှာ ရပ်နေသော ဦးငယ်ကိုလည်း ထပ်ကြည့်ပြန်သည်။ ဦးငယ်က မျက်လုံးတွေနဲ့ပဲ စကားပြောကာ ဖေဖေ့ကို ခေါင်းဆတ်ပြလိုက်တဲ့အခါမှာ ဖေဖေသည် သက်ပြင်းမောကြီးကို လေးတွဲစွာချရင်း စေရာ့ဆီကို အကြည့်ပြန်ရောက်လာသည်။ အခုဖြစ်နေတဲ့ ကိစ္စအကုန်လုံးသည် တစ်ချိန်တုန်းက ဖေဖေ့အလွန်ကြောင့် ဖြစ်ရတာတွေပဲ။ စေရာလည်း ဖေဖေ့ကို ခပ်စူးစူးလေး ပြန်ကြည့်လိုက်သည်။

"ကောင်လေးပြောသွားတာတော့ သူ့အဖေနာမည်က ဦးခေတ်တစ်ရာတည်၊ သူ့အဘိုးက ဦးမြဆောင်တဲ့၊ ခေတ်တစ်ရာတည်ကို ဖေဖေမသိဘူး၊ ဦးမြဆောင်ကတော့ ရာစုသစ်ရဲ့အဘိုးပဲ၊ ဖေဖေ့ကို မုန်းတီးနေတဲ့လူဆိုရင် ရာစုပဲ ရှိမယ်၊ အဲ့ဒါဆိုရင် ဧကန်ရဲ့အဖေ ခေတ်တစ်ရာတည်ဆိုတာ ရာစုသစ်ပဲ ဖြစ်ရမယ်"

"ဦးရာစုသစ်က ဒေါ်နှင်းမိုးအိမ်နဲ့ ယူပြီး မနုဿဧကန်ကို မွေးခဲ့တာလား၊ ဧကန်ရဲ့ ကိုယ်ရေးဖောင်မှာ သူ့အမေနာမည်ကို ဒေါ်နှင်းမိုးအိမ်လို့ ရေးထားတယ်၊ ပြီးတော့ ဒေါ်နှင်းမိုးအိမ်ကို ကွယ်လွန်လို့ ပြထားတယ်"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now