အပိုင်း ၁၉

569 42 2
                                    

[Unicode]
မနုဿသည် ညတုန်းက သောက်ထားတဲ့အရှိန်နဲ့ မနက်မိုးလင်းလို့ အိပ်ရာနိုးချိန်မှာ ခေါင်းက သိပ်မကြည်လင်ပေ။ လန်းဆန်းသွားအောင် တစ်ခါတည်း ရေချိုးလိုက်သည်။ မနက်စာစားပြီးချိန်မှာ ဒယ်ဒီခေါ်တယ်ဆိုလို့ ဒယ်ဒီ့ကို သွားတွေ့ဖြစ်သည်။ ဒယ်ဒီ ဘာပြောမလဲဆိုတာ မနုဿကြိုသိနေပြီ။ ဒယ်ဒီပြောလာမဲ့ ကိစ္စအတွက်လည်း ဒီနေ့မှာ အပြီးလုပ်ဆောင်သွားဖို့ ရှိသည်။

"ဘယ်လိုလဲ မနုဿဧကန်၊ မနေ့တုန်းက အပြင်မှာ တော်တော်မှ ပျော်ခဲ့ရဲ့လား၊ ရန်သူနဲ့ မိတ်ဆွေမဖွဲ့ရဘူးလို့ မင်းကိုငါ ဘယ်နှစ်ခါပြောခဲ့သလဲ၊ ပီချူးစံအိမ်က ယောင်္ကျားတစ်ယောက်နဲ့တင် အားမရလို့၊ နောက်တစ်ယောက်နဲ့ပါ ထပ်နွယ်ချင်နေတာလား"

"ဘာကိုလဲ ဒယ်ဒီ"

"မင်းနေနိုင်သော်.. အဲ့ဒီလူနဲ့ပါ ရင်းနှီးဖို့ ကြိုးစားနေတာလား မနုဿ"

"ဒယ်ဒီ ဘာလို့ ကျွန်တော့်ကို လိုက်ချောင်းနေတာလဲ၊
ဦးငယ်နဲ့ ရင်းနှီးဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူး၊ ညွှန်းစေရာနဲ့ အတူလိုက်သွားရင်း ဒီလိုပဲ စကားပြောဖြစ်ကြတာ"

"ဦးငယ်ဟုတ်လား၊ မင့်ဦးလေးမို့ မင်းနေနိုင်သော်ကို ဦးငယ်လို့ ခေါ်စရာလား"

"ဒယ်ဒီ ဘာလို့ စကားကို အထအနကောက်နေတာလဲ၊ ဦးငယ်လို့ခေါ်တိုင်း ကျွန်တော့်ဦးလေး ဖြစ်သွားရောလား၊ ဒယ်ဒီ့ကို အစာမကြေဖြစ်နေတာ ရှိတယ်၊ ဒယ်ဒီ ဘာလို့လိမ်ပြောတာလဲ"

"ဘာကိုလဲ မနုဿ၊ ငါ့ကို ဘာစကားတွေ လာပြောနေတာလဲ"

"ဒယ်ဒီပြောတော့ဖြင့် ညွှန်းစေရာနဲ့ ညွှန်းဝေဖြာက တစ်ယောက်တည်းဆို၊ ညွှန်းစေရာဆီက ကျွန်တော် ကြားပြီးပြီ၊ သူ့မှာ ညီတစ်ယောက် ရှိခဲ့ဖူးတယ်၊ အဲ့ဒီတစ်ယောက်က ညွှန်းဝေဖြာပဲတဲ့၊ ဒါပေမဲ့ ငယ်ငယ်ကတည်းက ပျောက်သွားတယ်တဲ့၊ ဒယ်ဒီ ဘာလို့လိမ်ပြောတာလဲ၊ အဲ့ဒါကိုလိမ်ပြောလို့ ဒယ်ဒီ့အတွက် ဘာအကျိုးအမြတ်များ ရမှာမို့လဲ"

"ငါက အဲ့ဒီမိသားစုအကြောင်းကို အကုန်သိနေစရာလား မနုဿ၊ မင်းမေးတာတွေကို ငါသေချာမသိဘူး၊ အဲ့ဒီကိစ္စက မင်းနဲ့ ဘာဆိုင်သလဲ၊ သူတို့အိမ်မှာ သားဘယ်နှစ်ယောက်ရှိရှိ မင်းက ကိုယ့်တာဝန်ကို သေချာလုပ်၊ လုပ်နိုင်မယ်လို့ရော ယုံကြည်သေးရဲ့လား၊ မိုးမာန်ဝင့်လွှားကို တာဝန်ပေးလိုက်ရတော့မလား၊ ဝင့်လွှားကိုသာ တာဝန်ပေးလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကို သဘောပေါက်ထား"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now