အခန်း ၂၅

728 30 2
                                    

[Unicode]
မိုးမာန်ဝင့်လွှားရဲ့ဘဝမှာ အဓိပ္ပာယ်ရှိရှိ နိုးထခွင့်ရတဲ့ မနက်ခင်းတွေဟာ ကုန်ဆုံးသွားခဲ့ပြီလို့ ထင်သည်။ မနက်စောစော အိပ်ရာနိုးလာပေမဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဘဝဟာ အဓိပ္ပာယ်မဲ့နေသည်။ ပြတင်းပေါက်မှာ ရပ်ကာ အပြင်ဘက်ကို လှမ်းကြည့်တဲ့အခါ နီရဲသောအရောင်ကို ကူးပြောင်းနေတဲ့ ဗာဒံရွက်တွေသည် အပင်ပေါ်မှာ ဝေဝေဆာဆာ။ မတည်မြဲခြင်းရဲ့သဘောကို ပြနေတဲ့ ဗာဒံရွက်တွေကတော့ ပင်စည်အောက်မှာ ပုံခံပြန့်ကြဲနေအောင် ကြွေဆင်းနေသည်။ ဆောင်းအကုန် နွေအကူး မနက်ခင်းသည် နှင်းကြွင်းနှင်းကျန်လေးများဖြင့် အေးမြနေဆဲဖြစ်သော်လည်း ဝင့်လွှားကတော့ နှလုံးသားမှာ အလွမ်းအဆွေးတွေနဲ့ ပူလောင်နေရသည်။

"ဿ.. ကိုယ့်ဿလေး.. သတိရလိုက်တာ ကလေးရယ်၊ အစ်ကိုလေ မင်းအနားကို ပြေးလာလိုက်ချင်တယ်"

"အစ်ကိုလွှား ခင်ဗျား သူ့ကိုတွေ့ချင်ရင် ကျွန်တော် လိုက်ပို့ပေးရမလား"

"သူ့အရှေ့ကို ထပ်မသွားသင့်ဘူးလို့ ငါထင်တယ် စပိုက်ဒါ၊ ငါတို့ဘဝတွေက အလွှာခြားနေကြပြီလေ"

"အဲ့ဒါ ခင်ဗျားဘက်က သတ်မှတ်တာလေ၊ မနုဿကို တကယ်တွေ့ရင်သာ သူ့ဘက်က အလွှာခြားလိုက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ခင်ဗျားတို့က တစ်မိုးအောက်ထဲမှာ နှစ်တွေ အကြာကြီး အတူနေထိုင်ခဲ့ကြတာ၊ ပြီးတော့ Sex ကိစ္စလည်း လုပ်ခဲ့ကြတာ မဟုတ်လား၊ အဲ့ဒီတော့ မနုဿက ခင်ဗျားကို တကယ်ပဲ ပစ်ခွာနိုင်ပါ့မလား"

"မင်းထင်သလို Sex ကိစ္စနဲ့တော့ ဿက ငါ့အပေါ်မှာ နှောင်ကြိုးတွေရှိမှာ မဟုတ်ဘူး၊ ဆရာကြီးကြောင့်သာ အဲ့ဒါကို လုပ်ပေးခဲ့ရတာ၊ တကယ်တော့ ငါတို့လိုကောင်တွေနဲ့ ဿက ဘယ်တုန်းကမှ အဲ့ဒီကိစ္စတွေကို မလုပ်ချင်ခဲ့ဘူး၊ ဆရာကြီးကြောင့်သာ အဲ့ဒီကိစ္စကို လိုက်လျောပေးခဲ့ရတာ"

"ဒါပေမဲ့ အဝေးကနေ ထိုင်လွမ်းနေတာထက် သူ့ကိုသွားတွေ့လိုက်ပါလား၊ သူလက်ခံရင် ရှေ့ဆက်တိုးဗျာ၊ သူက ခင်ဗျားကို သဘောမကျတဲ့အမူအရာ ပြလာရင် နောက်ပြန်ဆုတ်ပေါ့၊ ကျွန်တော်ကတော့ ဒီလောက်ပဲ အကြံပေးနိုင်တယ်၊ ခင်ဗျား သွားချင်ရင် ကျွန်တော်လိုက်ပို့ပေးလို့ရတယ်၊ သွားမှာလား"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now