အခန်း ၂၃

699 44 0
                                    

[Unicode]
မှော်ရုံကနေ ညွှန်းစေရာတို့ ပြန်လာကြသည်။ ဆေးရုံကိုပြန်လာရာလမ်းမှာ ဧကန်က လမ်းဘေးမြင်ကွင်းတွေကိုငေးကြည့်ရင်း ပါးပြင်အထက် မျက်ရည်တွေလည်း စီးကျလာနေသည်။ တစ်ချက်တစ်ချက် ရှိုက်သံထွက်လာကာ ကျောပြင်က သိမ့်သိမ့်တုန်သွားတာမို့ အဲ့ဒီလိုမြင်ရတော့လည်း စေရာ စိတ်မကောင်းပါ။ ကားကို လမ်းဘေးထိုးကပ်ရပ်လိုက်ကာ ကောင်လေးရဲ့ပခုံးနှစ်ဖက်ကို ကိုယ့်ဘက်အသာအယာ ဆွဲလှည့်ယူကာ ကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ကျောပြင်လေးကို ထွေးဖက်ထားပေးမိသည်။

"ကိုယ်လည်း သူ့အတွက် စိတ်မကောင်းဘူး ဧကန်၊ သူသေတယ် မသေဘူးဆိုတာ အသေအချာမှ မသိတာ၊ တစ်ယောက်ယောက်က လာကယ်ပေးသွားလို့ တစ်နေရာရာမှာ အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်ပါတယ်"

"ခင်ဗျားပြောသလိုပဲ ဖြေသိမ့်ရမှာ၊ လူတစ်ယောက်အပေါ် အကြွေးတင်နေတဲ့စိတ်၊ အဲ့ဒီအကြွေးကိုပြန်ဆပ်ဖို့ အခွင့်မရှိတော့တဲ့စိတ်နဲ့ မနေထိုင်ချင်ဘူး"

"ကိုယ်ထင်တယ်၊ သူသာ အသက်အန္တရာယ်ကင်းရင် မင်းကို သေချာပေါက် ဆက်သွယ်မှာ၊ အချိန်တစ်ခုကြာရင် မင်းအရှေ့ပြန်ပေါ်လာမှာ၊ သူသေသွားတယ်ဆိုတာကို အတိအကျ သတ်မှတ်လို့မှ မရနိုင်တာ"

"ကျွန်တော်လေ ဖြစ်နိုင်ရင် သူ့ကိုပြန်တွေ့ချင်တယ်၊ သူ့အပေါ်တင်နေတဲ့အကြွေးကို ပြန်ဆပ်ချင်တယ်"

"ဖြစ်လာမှာပါ၊ မင်းဖြစ်စေချင်သလို ဖြစ်လာမှာပါ၊ အဲ့ဒီတစ်ယောက်သာ အသက်ရှင်နေသေးရင် မင်းကို ဆက်သွယ်လာမှာ၊ မင်းကို သေချာပေါက် လာရှာမှာ၊ မင်း အဲ့ဒီလိုမျိုး ယုံကြည်နေလို့ရတယ်နော် ဧကန်"

ကောင်လေးရဲ့ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်တွေကို စေရာက လက်နဲ့အသာအယာ သုတ်ပေးလိုက်သည်။ ဧကန်ရဲ့မျက်နှာအသွေးအရောင်သည် သွေးမရှိသလို ဖြူဖျော့နေသည်။ မျက်ဝန်းမှာ ဆွေးမြည့်​အရောင်တွေနှင့် နာကျင်ကြေကွဲအရောင်တွေကို မြင်နေရသည်။ ဧကန်နှင့် မိုးမာန်ဝင့်လွှားတို့ရဲ့ပတ်သက်မှုသည် ဘားကလပ်မှာ စေရာကြားခဲ့ရတဲ့ သတင်းလိုမျိုး တကယ်တမ်းကျ ပေါ့ပြက်ပြက်နိုင်ပါ့မလား။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now