အပိုင်း ၁၈

595 34 0
                                    

[Unicode]
မိုးမာန်ဝင့်လွှားသည် မနုဿစီးလာသော Harley Davidson ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းပေးပြီး မနုဿကို ဆိုင်ကယ်ပေါ်တင်ကာ ခေတ်တစ်ရာတည် ခြံကြီးဆီ ပြန်လာနေသည်။ ကိုယ့်ပခုံးပေါ် ငိုက်စိုက်ကျနေသော မနုဿရဲ့ခေါင်းကို ဝင့်လွှားသည် မကြာမကြာ လက်တစ်ဖက်နဲ့ အုပ်ကိုင်ကာ ဆံနွယ်တွေကို ပွတ်သပ်နေမိသည်။ ကိုယ့်ခါးကို ဖက်တွယ်ထားတဲ့ လက်တွေကိုလည်း ကိုယ့်လက်တစ်ဖက်နဲ့ ပြန်အုပ်ကိုင်ကာ အဲ့ဒီလို ကပ်ထပ်နေတဲ့ လက်တွေကို မကြာမကြာ ခေါင်းငုံ့ကြည့်ရင်း ပြုံးနေမိတတ်သည်။

"ပြန်လာပြီလား ဝင့်လွှား၊ မင်းရောက်လာပြီဆိုတော့ လူအားလုံး စုံသွားပြီ၊ ဝင်းတံခါးကို ပိတ်လိုက်တော့မယ်"

"အင်း ဦးအဂ္ဂ၊ ဿလေး ပါလာလို့ ဝင်းတံခါးပိတ်တာကို ကျွန်တော် မကူတော့ဘူးနော်"

"ရပါတယ်၊ သွား သွား၊ အဲ့ဒါလေးက မင်းအတွက် ပိုအရေးကြီးတာ"

ခြံစောင့်ကြီးရဲ့ စကားကြောင့် မိုးမာန်ဝင့်လွှားသည် သဘောကျစွာ ခပ်မြူးမြူးလေး ပြုံးရယ်လိုက်ပြီးမှ ဆိုင်ကယ်ကို ခေတ်တစ်ရာတည်ခြံကြီးထဲ မောင်းဝင်သွားသည်။ ပေါ်တီကိုအောက်မှာ ဆိုင်ကယ်ရပ်ပြီးတဲ့အခါမှာ အိပ်ပျော်နေသော ဿကလေးကို ပခုံးကနေ ထိန်းပြီး အသာအယာ ပွေ့ချီလိုက်သည်။ သူ့အခန်းထဲကို အရောက်ပို့၊ ကုတင်ပေါ်မှာ နေရာချပေးပြီးတဲ့အထိကို ဿက လုံးဝမနိုးသွားပါ။

ဿလေး စီးထားတဲ့ ရှူးဖိနပ်ကအစ ဝင့်လွှားက ချွတ်ပေးသည်။ အဝတ်အစားတွေကိုပါ ချွတ်ပေးပြီးတဲ့အခါ ကုတင်ခြေရင်းက စီလီကွန်စောင်အထူကြီးကို ဆွဲယူပြီးတော့ တစ်ကိုယ်လုံးကို လုံနေရအောင် ခြုံချပေးလိုက်သည်။ အားလုံးပြီးသွားတဲ့အခါမှာ အခန်းကို ရှင်းပေးရသည်။ ကြမ်းပြင်ပေါ်ကို ပြုတ်ကျနေတဲ့ ပစ္စည်းတွေကို ကောက်တင်ပေးပြီးတော့ စားပွဲပေါ်မှာ စီစီရီရီ ပြန်ထားပေးရသည်။ ဝင့်လွှားက အခန်းထဲကနေ ပြန်မထွက်ဖြစ်သေးပါ။ ကုတင်ပေါ်မှာ တင်ပါးလွှဲ ဝင်ထိုင်ကာ ဿ၏ မျက်နှာလေးကို ငုံ့မိုးကြည့်နေမိပြန်သည်။

"ကလပ်မှာ ပြောတော့ဖြင့် အစ်ကိုလည်း ဆန္ဒရှိရင်ဆို၊ အဟင်း! အခုကျ အရက်မူးပြီး အိပ်နေလိုက်တာများ သိုးလို့"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now