အခန်း ၂၆

652 32 2
                                    

[Unicode]
ပယင်းရောင် လမ်းထဲကို ဆိုင်ကယ်တစ်စီး မောင်းဝင်လာသည်။ ဆိုင်ကယ်သည် ပီချူးစံအိမ် ခြံဝင်းအရှေ့တွင် ရပ်သွားကာ ခန္ဓာကိုယ်မှာ မာဆဲလ်တွေနဲ့ တောင့်ဖြောင့်နေသော ယောင်္ကျားသည် ဆိုင်ကယ်ဟဲမက်ကို ချွတ်လိုက်ပြီးမှ ဆိုင်ကယ်ပေါ်က ဆင်းလာသည်။ ထိုယောင်္ကျားသည် ခြံကျယ်ကြီးကို အပြင်ဘက်ကနေ စူးစမ်းကြည့်ရင်း ဝင်းခြံတံခါးရှေ့ကို ချဥ်းကပ်သွားနေသည်။

"ဒီအိမ်က မနုဿဧကန် ပြန်ရောက်ပြီလား ဦးလေး"

"ပီချူးကိုပြောတာ မဟုတ်လား၊ ပြန်မလာသေးဘူး"

"ဟုတ်လား၊ ကျွန်တော် မှတ်ထားရသလောက် ဿလေး ထွက်သွားတာ သုံးလပြည့်တော့မယ်နော်၊ အဲ့ဒီမှာပဲ အပြီးနေဖို့ အစီအစဥ်မရှိဘူး မဟုတ်လား"

"မရှိလောက်ပါဘူး၊ အရေးကြီးနေတယ်ဆိုရင်လည်း ဖုန်းနဲ့ ဆက်သွယ်ပြီး အဲ့ဒီကိုလိုက်သွားကြည့်ပါလား"

"ရပါတယ်၊ မလိုက်သွားတော့ပါဘူး၊ ကျွန်တော်က ဒီအတိုင်းပဲ လာကြည့်တာ၊ အခွင့်မသာတော့လည်း နောက်တစ်ခေါက်ပေါ့"

"ပီချူးပြန်ရောက်ရင် ဒီစံအိမ်ကို မကြာမကြာ မင်းရောက်လာတတ်ကြောင်း ပြောပြပေးမယ်"

"ကျေးဇူးပါဗျ၊ အလုပ်ကိစ္စနဲ့ တစ်နေရာကို သွားစရာရှိသေးလို့ ခွင့်ပြုပါဦး"

"အေး သွား သွား၊ ကိုစေနိုင်တို့ မိသားစုက နွေရာသီစံအိမ်မှာ သုံးလလောက်ပဲ နေကြမယ်လို့ ကြားတယ်၊ မကြာခင်မှာ သူတို့မိသားစု ပြန်လာကြလိမ့်မယ်လို့ ဦးလေး ထင်တယ်၊ သုံးလေးရက်ကြာရင် တစ်ခေါက်ပြန်လာကြည့်ပါလား"

"ဟုတ်ကဲ့ ဦးလေး"

ဿလေး ဒီမြို့ကနေ ထွက်သွားတာ အခုဆိုရင် သုံးလနီးပါးရှိနေပြီ။ မိုးမာန်ဝင့်လွှားသည် ဒီရက်တွေမှာ ဿကို တွေ့လိုတွေ့ငြား ပီချူးစံအိမ်ကြီးကို လာလာချောင်းကြည့်ရင်းနဲ့ အခုဆိုရင် ခြံစောင့်ကြီးနဲ့တောင် မျက်မှန်းတန်းနေကြပြီ။ ဿကို သေမလောက် တွေ့ချင်စိတ်တွေ ဖြစ်မိသည်။ ဿရဲ့ ဖုန်းနံပါတ်အသစ်ကို စုံစမ်းသိရှိခဲ့သည့်တိုင်အောင် တစ်ကြိမ်တစ်ခါလေးတောင် မဆက်သွယ်ဖြစ်ခဲ့ပါ။ ဿကို ပြန်ချဥ်းကပ်ဖို့ ကြိုးစားရမှာကိုပင် စိတ်ထဲမှာ အလိုလို စိုးရွံ့နေမိသည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now