အခန်း ၂၈

634 35 3
                                    

[Unicode]
ပီချူးလည်း ပြန်သွားပြီမို့ မင်းစေနိုင်သော်တို့လည်း နွေရာသီစံအိမ်မှ ပြန်လာခဲ့ကြရာ မွန်းလွဲပိုင်းတွင် ပိုးမြို့တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ဖုန်းဖြင့် ကြားသိထားရသော သတင်းအရ ညီငယ်နှင့် ရေဇလာတို့ စကားများကြပြီး ညီငယ် အိမ်ကထွက်သွားသည်။ မင်းစေနိုင်သော်တို့ အိမ်ပြန်ရောက်လာချိန်တွင် ညီငယ် အိမ်ပြန်မလာသေး။ စေရာက အလုပ်သွားနေတာမို့ အိမ်တွင် ပီချူးနှင့် ရေဇလာပဲ ရှိကြသည်။ ခရီးက ပြန်ရောက်တော့ ပင်ပန်းလာတဲ့အရှိန်နဲ့ မင်းစေနိုင်သော်တို့ လင်မယားလည်း ကိုယ့်အခန်းထဲမှာပဲ အနားယူနေလိုက်ကြသည်။

ဒေါက် ဒေါက်!

လင်မယားနှစ်ယောက် အနားယူနေသော အချိန်တွင် အခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။ ဟေသာဦးက တံခါးကို ထဖွင့်ပေးသည်။ ရေဇလာသည် မျက်နှာကို တည်တင်းနေကာ ဟေသာဦးနှင့်အတူ အခန်းထဲကို လိုက်ဝင်လာသည်။ ဒီအိမ်ကြီးတွင် မင်းစေနိုင်သော်မရှိခဲ့သော ဒီသုံးလမှာ ညီငယ်က ရာစုသစ်နှင့် ပြန်ဆက်သွယ်နေတယ်လို့လည်း သတင်းရထားသည်။ မျက်နှာကို တည်တင်းနေသော ရေဇလာ့ကို တစ်ချက်ကြည့်ရုံနဲ့ ပြဿနာကို ရှင်းပေးရတော့မယ်မှန်း အတပ်သိလိုက်သည်။

"ထိုင်ဦး ရေဇလာ၊ ဘာပြောစရာရှိလို့လဲ"

"ကိုစေနိုင်တို့လည်း ခရီးရောက်မဆိုက်မို့ ကျွန်မ အားနာပါတယ်၊ ဒါပေမဲ့ ဘယ်လိုမှ အောင့်အည်းမထားနိုင်တော့လို့ ပြောမှရမယ်၊ ဒီထက်ပိုပြီး ကျွန်မသည်းမခံနိုင်တော့ဘူး၊ ကိုနေနိုင်ကလေ တော်တော်ဆိုးရွားနေတာ၊ ယောင်္ကျားမြင်ရင် သူ့မှာလေ သိက္ခာဆိုတာလည်း မရှိတော့ဘူး၊ စိတ်ပျက်စရာကောင်းအောင် တော်တော်ဆိုးရွားနေပြီ"

အခန်းထဲက ဆက်တီထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ချိန်မှစ၍ ရေဇလာသည် မျက်နှာကိုတည်တင်းကာ မကျေမနပ်ပြောဆိုလာသည်။ မင်းစေနိုင်သော်လည်း အမှန်အတိုင်းပြောရရင် ရေဇလာရဲ့စကားတွေက ကိုယ့်ညီကို မကောင်းပြောနေတာမို့ အထိနာရသည်။ ကိုယ့်ညီကို ဘယ်သူအပြစ်ပြောတာမှ မခံရအောင် ဒီလမ်းကိုတမင်ရွေးချယ်ပေးပြီး ကိုယ်တိုင်တည်ဆောက်ပေးခဲ့သည်။ ညီငယ်က တစ်နေ့နေ့မှာ စိတ်ပြောင်းလာလိမ့်မယ်လို့ ထင်မှတ်ခဲ့သည်။ မျှော်မှန်းခဲ့သလို ဖြစ်မလာတဲ့အခါ မင်းစေနိုင်သော်သည် ညီငယ်တို့ လင်မယားကြားမှာ ဝင်ပါရပြီး ဖြစ်သမျှသော ပြဿနာတိုင်းကို ထိုင်ဖြေရှင်းပေးနေရတတ်သည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now