အခန်း ၁၂

588 34 0
                                    

[Unicode]
မိုးမာန်ဝင့်လွှားသည် ခန်းမထဲမှာ သီးသန့်ကျန်ခဲ့ကာ ဆရာကြီးနှင့် စကားရပ်ပြောပြီးမှ မနုဿရဲ့အခန်းကို လိုက်သွားဖြစ်သည်။ အခန်းထဲမှာ ရေကျသံကလွဲလို့ တိတ်ဆိတ်နေသည်။ ရေချိုးခန်းတံခါးကို လှစ်ဟကြည့်တဲ့အခါ ရေပန်းအောက်မှာ အရုပ်ကြိုးပြတ်ထိုင်နေသော ဿလေးကို တွေ့မြင်ရသည်။

"ဿ..ကိုယ့်ကလေး အဲ့ဒီလိုလုပ်နေပြန်ပြီလား၊ ထပ်ပြီးတော့ အအေးမိတော့မှာပဲ"

အဆက်မပြတ် ကျနေသော ရေစက်တွေကြားကနေ အစ်ကိုလွှားကို မနုဿ လှမ်းမြင်နေရသည်။ အစ်ကိုလွှားက ထုံးစံအတိုင်း မှန်ကန့်ထားတဲ့ ရေချိုးခန်းထဲကို ဝင်လာကာ ရေပန်းကို ပိတ်လိုက်သည်။ မနုဿအရှေ့မှာ ဒူးတစ်ဖက်ထောက် ထိုင်လိုက်ကာ မနုဿရဲ့ပခုံးကို ဆုပ်ကိုင်ထားရင်း မျက်နှာလေးကိုပါ ဝေ့ဝဲကြည့်လာသည်။ မနုဿက ခေါင်းကို ငုံ့ချလိုက်တာမို့ အဲ့ဒီလူက လက်တစ်ဖက်နဲ့ထိန်းပြီး မျက်နှာလေးကို ဆွဲမော့ယူကာ စေ့စေ့ကြည့်လာပြန်သည်။ မနုဿသည် သူ့ကိုမကြည့်ချင်လို့ အခန်းအပြင်ဘက်ကို မျက်နှာလွှဲလိုက်သည်။

"ကိုယ့်ကလေး ငိုထားတာလား"

"ကျွန်တော် မငိုတတ်ဘူး"

"အစ်ကို့ရှေ့မှာဆို မလိမ်နဲ့၊ အသုံးဝင်မှာ မဟုတ်ဘူး၊
ဒီလူက မင်းတစ်ကိုယ်လုံးကို ထွင်းဖောက်ပြီး ကြည့်တတ်တယ်"

မနုဿသည် အဲ့ဒီလူကို ခေါင်းမော့ကြည့်ကာ တစ်ချက် ပြုံးရယ်လိုက်သည်။ အဲ့ဒီလူကလည်း ခပ်လွင်လွင် ပြုံးရယ်ကာ မနုဿကို စေ့စေ့ကြည့်သည်။ ပြီးတော့ သူ့လက်တစ်စုံက မနုဿအင်္ကျီကို ဆုပ်ကိုင်လာကာ ကြယ်သီးတွေကို ဖြုတ်ပေးလာသည်။ ရေစိုရှပ်အင်္ကျီကို ပခုံးပေါ်ကနေ လျှောချပြီး ချွတ်ပေးလာတဲ့အခါ မနုဿသည် သူ့လက်တွေကို ဖမ်းဆွဲလိုက်ရသည်။

"ရတယ်၊ ကျွန်တော် တစ်ခါတည်းပဲ ရေချိုးလိုက်တော့မယ်၊ ခင်ဗျားပြန်လိုက်တော့"

"အစ်ကို စောင့်နေလိုက်မယ်၊ ဿကို ပြောစရာရှိလို့"

"အဲ့ဒါဆို ထွက်သွားပေး၊ အပြင်မှာ သွားစောင့်"

"ဟုတ်ပါပြီ၊ ရေအမြန်ချိုးနော်၊ အအေးမိမယ်"

"ကျွန်တော့်အဖေလား၊ လိုက်သတိပေးနေရအောင်"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာTempat cerita menjadi hidup. Temukan sekarang