အခန်း ၂၁

646 43 1
                                    

[Unicode]
ဒီနေ့က ကုမ္ပဏီဖွင့်ရက်။ ကုမ္ပဏီကို ခပ်စောစောပင် စေရာထွက်လာသည်။ ကုမ္ပဏီကိုရောက်တော့ CEO ရုံးခန်းမှာ အလုပ်ထိုင်လုပ်နေစဥ် အခန်းတံခါးခေါက်သံကြားတာနဲ့ အလုပ်စားပွဲကနေပဲ အခန်းပေါက်ဝကို လှမ်းကြည့်လိုက်သည်။ အခန်းထဲကို ဝင်လာသူများထဲတွင် ဧကန်မပါတာမို့ စိတ်ထဲမှာ ဘဝင်မကျပေ။ လက်မှာ ပတ်ထားတဲ့နာရီကို တစ်ချက်ကြည့်သည်။ ရုံးတက်ချိန်ကို ရောက်နေပြီ။ ဒါပေမဲ့ ဧကန် ရောက်မလာသေးပါ။

စေရာ့ကိုပြောသွားခဲ့တဲ့ စကားအတိုင်း ဖြစ်လာတာပဲ။ နောက်ရက်တွေမှာ CEO အနားမှာ ကျွန်တော်ရှိမနေနိုင်လောက်တော့ဘူးတဲ့။ ကောင်ဆိုးလေးကို တွေ့ရအောင် ဘယ်နေရာတွေမှာ ထပ်ပြီး လိုက်ရှာရမလဲ။ ဧကန်နှင့် အဆက်အသွယ်မရတာမို့ မနေ့ညနေတုန်းကတော့ Freedom ဘားကလပ်နှင့် Rival မြင်းစီးကွင်းမှာ ဧကန့်ကို သွားရှာကြည့်သေးသည်။ ဒါပေမဲ့ ရှာမတွေ့ခဲ့ပါ။ ဧကန်ကလည်း သူ့ရဲ့သရုပ်အမှန်ကို စေရာတို့ကို ချပြခဲ့ပြီးပြီဆိုတော့ ကုမ္ပဏီကို ထပ်လာပြီး အလုပ်ဆင်းပါ့တော့မလား။ စေရာ အဲ့ဒီအချက်ကိုလည်း ရင်ခုန်သည်။ ပြီးတော့ ကောင်ဆိုးလေးကိုလည်း ထပ်တွေ့ချင်သေးသည်။

"ဧကန် ရုံးမလာလို့ ဧည့်သည်ကို ကျွန်တော်ခေါ်လာပေးတာပါ၊ ဧည့်သည်က ဧကန့်ကို မေးနေတယ်"

"ရတယ်၊ ဧည့်သည်ကို ထားခဲ့လိုက်"

"ဟုတ်ကဲ့၊ အဲ့ဒါဆို ခွင့်ပြုပါဦး CEO"

ဧည့်သည်ကို လိုက်ပို့ပေးတဲ့ ဝန်ထမ်းက ရုံးခန်းထဲက ပြန်ထွက်သွားသည်။ စေရာ့ကို လာတွေ့တဲ့ ဧည့်သည်ဆိုတာ ပုညမောင်ပါပဲ။ မြေအရောင်းအဝယ်ကိစ္စနဲ့ ပုညမောင်က ကုမ္ပဏီကို ရောက်လာသည်။ ပုညမောင်ရဲ့စကားတွေထဲမှာ ဧကန့်နာမည်က ခဏခဏပါလာသည်။ ဧကန့်ကို ဖုန်းဆက်မရဘူးတဲ့။ ဧကန်က အဲ့ဒီနေ့တုန်းက ပုညမောင်ကို ဖုန်းနံပါတ်ပေးခဲ့တာလား။ အခုတော့ ပုညမောင်က စာချုပ်ကိစ္စပြောဆိုနေရင်း မျက်လုံးကစားကာ စေရာ့အတွင်းရေးမှူးကို တွေ့လိုတွေ့ငြား လိုက်ရှာကြည့်နေသေးသည်။

ဒေါက် ဒေါက်!

"အင်း၊ ဝင်လာခဲ့"

"CEO နဲ့ တွေ့ချင်တယ်ဆိုလို့ပါ၊ ဧကန့်ကိုလည်း မေးပါတယ်၊ ဒီနေ့ ဧကန် အလုပ်မလာဘူးလို့ ပြောနေတာကို ဒီလူက လက်မခံဘူးဗျာ၊ ဘယ်လိုမှပြောဆိုမရလို့ CEO ဆီကို ခေါ်လာလိုက်တာပါ"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now