အခန်း ၇

690 43 0
                                    

[Unicode]
ပိုးမြို့၏ လမ်းမကြီးအထက်တွင် မနုဿ မောင်းနှင်နေသော Luojia ဆိုင်ကယ်လေးက အရှိန်ပါပါ ပြေးလျက်ရှိသည်။ မနုဿသည် ပီချူးကုမ္ပဏီကိုရောက်တဲ့အခါ ပါကင်မှာ ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။ ဒီဆိုင်ကယ်က မနုဿ စီးခဲ့သမျှသော ဆိုင်ကယ်တွေထဲမှာ တန်ဖိုးအနိမ့်ဆုံးသော ဆိုင်ကယ်ပါပဲ။ အဲ့ဒါကလည်း ညွှန်းစေရာက ကိုယ့်ကို သံသယမဝင်အောင် အသွင်ယူပြခြင်းပေပဲ။

ညွှန်းစေရာဆိုသော လူကပဲ အမြန်ဆုံးနည်းနဲ့ သေရမယ့် ကံဇာတာ ပါလာတာလားတော့မသိ။ ဧကန်ဆိုတဲ့ ကောင်လေးကို သူ့အတွင်းရေးမှူးအဖြစ် ထားပေးဖို့ အထက်ကနေ ညွှန်ကြားလာသည်။ အဲ့ဒါကြောင့် မနုဿက စိုင်ကော်လို့ ချုံပေါ်ရောက်ကာ ဒီနေ့ကစပြီး အဲ့ဒီလူရဲ့အတွင်းရေးမှူးအသစ်အဖြစ် သူ့ရုံးခန်းမှာ အလုပ်စလုပ်ရမည်။ မနုဿကတော့ သဘောကျသည်။ ဒီပုံအတိုင်းဆို ဖေဖေပေးထားသော အချိန် ၁ လတောင် များနေသေးသည်။ ရက်ပိုင်းလောက်နဲ့ ဒီလူ့ကို တရားခံမပေါ်အောင် သတ်ပစ်နိုင်ပြီ။

*ဒေါက် ဒေါက်*

စေရာသည် ဒီမနက်မှာ ခါတိုင်းနေ့တွေထက် ပိုစောပြီး ကုမ္ပဏီကို ရောက်လာဖြစ်သည်။ ကိုယ့်ရုံးခန်းထဲမှာ ပြင်ဆင်စရာရှိတာကို ခပ်မြန်မြန် ပြင်ဆင်လိုက်သည်။ ဧကန်နဲ့ပတ်သက်ပြီး စိတ်ထဲ သံသယဝင်နေသလို တကယ်ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို သေချာသိရဖို့အတွက် ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာတွေကို တစ်ဖက်လူမသိအောင် ကြိုတင်ပြင်ဆင်ထားလိုက်သည်။ အားလုံးပြီးသွားတဲ့အခါ အလုပ်စားပွဲမှာ ဟန်မပျက် ထိုင်နေလိုက်သည်။

သိပ်မကြာခင်မှာ အခန်းတံခါးခေါက်သံကို ကြားရသည်။ ဧကန်ပဲ ဖြစ်မှာပါ။ ဘာလို့ဆို ဒီနေ့မှာ စေရာရဲ့ အတွင်းရေးမှူးအသစ်အဖြစ် အလုပ်ပြောင်းလုပ်ပေးရမှာမို့။ ဘွဲ့ရမဟုတ်တဲ့ ဧကန်ကို အတွင်းရေးမှူးအဖြစ် ရွေးချယ်လိုက်တဲ့အတွက်လည်း နိုင်ငံခြားပြန် CEO လေးရဲ့ သစ်ဆန်းလွန်းသော idea တစ်မျိုးရယ်လို့ ကုမ္ပဏီဝန်ထမ်းတွေက ပြောစမှတ်ပြုကြသည်။ ဒါတွေက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက စေရာရဲ့သံသယစိတ်ကို အတည်ပြုဖို့ပါပဲ။ ဒီကောင်လေးရဲ့ သရုပ်မှန်ကို အမြန်သိရဖို့ပဲ။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now