Ch-1

5.4K 208 7
                                    

နားလည်ရအလွယ်ကူဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်။ တရုတ်သိုင်းကား, ဝတ္ထုတွေကြည့်နေဖတ်နေကြသူတွေကတော့ ဖတ်ရုံနဲ့မျက်လုံးထဲပုံပေါ်လာမယ်ထင်ပါတယ်💛

Unicode
....

ဟိုးအောက်ခြေနက်ရှိုင်းတဲ့ နေရာက လမ်းလေး...။ ပြာလဲ့လဲ့ကျောက်များနဲ့အလှဆင်စီခင်းထားပြီး သေခြင်းနဲ့ရှင်ခြင်းကြားက လျိုမြောင်တစ်ခု..။ အဝါရောင်နွေဦးလို့ပဲ တင်စားခေါ်ဝေါ်ရလေမလား..?။

မြစ်ပြင်ကျယ်ကိုကြည့်လိုက်ပါအုံး!။မြစိမ်းရောင်အလင်းတို့က  ရောင်ပြန်ဟပ်နေလိုက်တာများ...ဝမ်ချွမ်းမြစ်ပီသပါပေတယ်။

ဝမ်ချွမ်းမြစ်ပေါ်မှာ တံတားတစ်စင်းကလည်းရှိနေသေးသည်။ ကံတရားရဲ့အဆုံးအဖြတ်ပေးရာ ခြေလှမ်းသစ်တွေပေါ့။..ဒီတံတားကနေဖြတ်သန်းသွားပြီးတာနဲ့ ကျော်ကြားမှုတွေ၊ အောင်မြင်မှုတွေဟာ မြူမှုန်တစ်စကဲ့သို့ မေ့လျော့ခြင်းခံရတော့မည်။

ဟော...လမ်းအဆုံးမှာတော့ ကျောက်တုံးတစ်တုံးက မြူမှုန်တို့နဲ့ပိတ်ဆို့ကာ ဆီးကြိုနေလေပြီ။ တစ်စုံတစ်ယောက်ကသာ ပြန်လည်မွေးဖွားတော့မယ်ဆိုရင် အဲ့မြူခိုးဖုန်မှုန့်တွေဟာ လမ်းဖယ်ပေးရမယ်တဲ့...။ ဒါက သုံးလောကကို ဆက်သွားရမဲ့လမ်းစပဲ။

ဟွမ်ချွမ်လမ်း...၊ မေ့လျော့ခြင်းမြစ်(ဝမ်ချွမ်း)၊ နိုင်ဟဲ့တံတားနဲ့ စန်းရှန်းကျောက်တုံး...။

သံသရာတကွေ့မှာဆုံတွေ့ရပြန်အုံးမည်။
ပြန်လည်ဝင်စားခြင်းဟာ သိပ်ရှည်လျား၏။ အဲ့မှာခဏရပ်!။

အပေါ်ကစာသုံးကြောင်းရဲ့ပုံစံက သဘောထားကြီးသလိုလို၊ ကျိုးကြောင်းဆီလျော်သလို ခံစားရတယ်မလား?။ ဒါပေမဲ့ ကျန်းနန်ဝူနုန်းရဲ့ စကားလုံးလှလှလေးတွေနောက်ကနေ သံယောင်လိုက်သလိုဖြစ်နေတာကြီးက သိပ်မမိုက်သလိုပဲ...။ ခေါင်းစဉ်နာမည်ကဘာတဲ့?။ "ဘာလို့နှစ်ခုလုံးလဲ"တဲ့!။

အဲ့စကားလုံးတွေက မြစိမ်းရောင်ဝမ်ချွမ်းမြစ်ထဲမှာ မြုပ်ချည်ပေါ်ချည်ဖြစ်နေတာ တစ်နှစ်လောက်ရှိပြီ။ အားယင်လည်း ပထမဆုံးစမြင်ခါစက ရှော့ရသွားသေးသည်။ ဘာလို့ဆို ဝိဉာဉ်ဖျက်စီးခံရတော့မယ့်တစ္ဆေတစ်ကောင်က ကျန်းနန်ရဲ့ ဒီတေးသွားကို မြစ်ပြင်မှာမျောရင်း သူ့ရဲ့ပါးစပ်အကျယ်ကြီးနဲ့ ညည်းနေခဲ့တာ...။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now