Ch-11Part2

450 39 6
                                    

Hidden God, Shen yin
Chapter(11) part2
...

"ကျွန်တော်ဒီကျွန်းပေါ်စရောက်ခါစက ဒီအချိန်မှာ ဝူးထုံကျွန်းရဲ့ရှုခင်းတွေကအရမ်းလှပနေတယ်လို့ကြားခဲ့ရတယ်။ ဒီတော့ကျွန်တော်မေးချင်တာက..."

သူ့စကားခဏရပ်သွားချိန် ပိယွင်ရဲ့မျက်လုံးထဲမှာတော့ ကြောက်လန့်တုန်ယင်မှုတွေပြည့်နှက်နေသည်။

"မနေ့ညက ကျွန်တော်နဲ့ဝူးထုံကျွန်းကို လျှောက်ကြည့်ခဲ့ရတာ မင်းသမီးပျော်ပါရဲ့လား?"

ထိုစကားကိုကြားတော့ ပိယွင်ရဲ့ တင်းထားတဲ့ခန္ဓာကိုယ်ဟာပြေလျော့သွားပြီး ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချမိသွား၏။ သူမရဲ့မျက်နှာဟာလည်း ကြောက်စိတ်နဲ့အတူ နီမြန်းနေလေသည်။

ဟွားရှုက ကူချင်းရဲ့အမေးစကားကိုမဖြေခင်မှာပဲ ရွှမ်းချဲ့ရဲ့အထင်သေးဟန်စကားက ကြားဖြတ်ဝင်ရောက်လာသည်။

"အယ်..ဘယ်လိုပြောရမလဲ?။ ငါဆိုလည်း မင်းသမီး နေ့တိုင်းဘယ်မှာရေကူးတတ်လဲဆိုတာ သိချင်နေမိတာ။ "

သူက သူ့လက်ခုတ်ကိုတီးရင်း ကူချင်းရဲ့အသားကိုလည်းခပ်ပြင်းပြင်းပုတ်လိုက်၏။ ထိုအခါ အဆီပြည့်နေသောအသားစိုင်ဟာ စက်ဝိုင်းတစ်ခုကိုလှည့်လိုက်သလို တုန်ယင်သွားလေသည်။

"သခင်လေးကူချင်း, ငါပြောချင်တာက...မင်းသမီးရေကူးတတ်တဲ့နေရာကိုမင်းသိနေတယ်ဆိုရင်တောင်မှ မင်းရဲ့အနေအထားနဲ့ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ?။ ဒီတော့ မင်းမှာ သူမဘေးနားအဖော်ပြုပေးဖို့ ဘာခွန်အားမှရှိမနေဘူးလေ!။ ပြီးတော့ ဒီကျွန်းပေါ်မှာ မင်းကိုအနှောင့်အယှက်ပေးတယ်ဆိုတာဖြစ်နိုင်ပါ့မလား?။

ဒါဇင်နဲ့ချီတဲ့တပည့်တပန်းတွေကတောင် ရွှယ့်ယန်ရှန်းပေါ်မှာလိုက်လာတဲ့ မင်းကို ပိုးမွေးသလိုဂရုစိုက်ပြီးလာခဲ့ရတာဆိုပဲ။ နောက်ထက်ငါကြားထားတာ မင်းအသက်က နှစ်တစ်ရာကျော်ပဲရှိသေးတာလေ။ ဒါဆို ဘာကြောင့် အကြီးတွေအပေါ်လေးစားသမျှရှိရမယ်ဆိုတာ နားမလည်ရတာလဲ?"

ရွှမ်းချဲ့ဟာ ဒုတိယမျိုးဆက်နတ်ဘုရားများကြားထဲမှာ မာနကြီးပြီးအထက်စီးဆန်သူအဖြစ် လူအများလက်ခံထားသူဖြစ်သည်။ နောက်ပြီး သူဟာရန်သူကိုချေပရန် မောက်မာသောစကားလုံးတွေရွေးပြောရသည်အားနှစ်သက်သည်။ ထို့ကြောင့် သူ့ရဲ့စကားအနည်းငယ်ကပင် ကူချင်းအား နာကျင်သွားစေရန်လုံလောက်၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now