Ch-20

326 22 2
                                    

Unicode
..
Last Immortal ,Hidden god shen yin
Chapter (20)
..

ဟွားရှု တာ့ကျဲတောင်ကိုရောက်တော့ ရာသီဥတုလေးကသာယာသည်။ ထိုချိန်အားယင်ကလည်း ယွေ့နင်ခန်းမအပြင်ဘက်နားလေးမှာ နေပူဆာလှုံနေရင်း ဥဒေါင်းငှက်တွန်သံတွေကို ကြားလိုက်ရ၏။ သာယာနာပျော်ဖွယ် ဥဒေါင်းငှက်တွန်သံတွေဟာ မိုးကောင်းကင်တခွင် ကျယ်လောင်စွာထွက်ပေါ်လာနေသည်။ ဒါကြောင့် သူမမော့ကြည့်လိုက်တော့ အရောင်အသွေးစုံလင်လှပသော ဥဒေါင်းငှက်တွေဟာ တာ့ကျဲတောင်ဆီချီတက်လာကြကြောင်းတွေ့လိုက်ရ၏။

ထိုအထဲမှ အကြီးဆုံးသော ဥဒေါင်းငှက်ကြီးရဲ့အတောင်ပံဟာ တောင်ရဲ့နေရာတဝက်လောက်ကိုတောင်ဖုံးအုပ်နိုင်သည်အထိကြီးမားကျယ်ပြန့်လွန်းသည်။ တကယ်ကို ချေတာပဲ!။ အရောင်အသွေးလှပလွန်းသော ဥဒေါင်းငှက်ကြီးပေါ်မှာတော့ ချောမောလှပတဲ့မိန်းမငယ်လေးတစ်ဦးလိုက်ပါစီးနင်းလာသည်။ သူမက ခြုံလွှာပါးပါးကို မျက်နှာမှာစည်းထားတာကြောင့် မျက်နှာကို အားယင်အတိအကျမမြင်ရပေ။ သို့သော် သူမရဲ့မျက်ခုံးမျက်လုံးကိုကြည့်ခြင်းအားဖြင့် အေးစက်စက်နဲ့မာနကြီးမှန်းသိသာထင်ရှားလှသည်။

ဒါကြောင့် သူမမျက်မှောင်ကြုတ်ကြည့်ကာ ဘေးနားက ရှင်းရီကို ခြေထောက်နဲ့ဆောင့်ကန်ပစ်လိုက်၏။(Tn-ဘလိုင်းကြီးပါလား မမအားယင်ရယ်''))

"ဟဲ့ ရှင်းရီ! ဥဒေါင်းမျိုးနွယ်က မင်းသမီးဆိုတာအဲ့တစ်ယောက်လား?"

အားယင်က အစကတော့နာသွားတဲ့ဂုတ်ကိုပွတ်နေပေမဲ့ သူအားယင်မေးတာကိုတော့ သေချာဖြေပေးသည်။(Tn-ရှင်းရီဆိုတာ ဟိုးတောင်ကြားမှာထဲက အရက်သယ်ပို့ပေးတဲ့ကောင်လေးနော် ခုတော့ဆရာတူအကိုပေမယ့် အားယင်လေးကတစ်တောင်လုံးရဲ့မိန်းကလေးတပည့်မို့ အချစ်ခံလေးဖြစ်နေပါဘီ)

"အင်း...ဟုတ်တယ်ဟုတ်တယ်။ သူက ဥဒေါင်းငှက်မျိုးနွယ်က မျိုးရိုးမြင့်အလှပဂေးလေးပဲ။ သူ့နာမည်က ဟွားရှုတဲ့လေ!။ ငါကြားဖူးတာတော့ သူ့အတောင်ပံလေးတွေက စိမ်းဖန့်ပြီး မထိရက်မကိုင်ရက်စရာကောင်းအောင်ကို ပက်ပက်စက်စက်လှတာတဲ့!။ အမွှေးအတောင်တစ်ချောင်းချင်းစီက နန်းတော်ထဲက ပထမတန်းစားကျောက်စိမ်းထက်တောင်လှသေးတယ်။ အာ ငါအရမ်းမြင်ချင်နေပြီ"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now