Ch-25

209 20 0
                                    

Unicode
...
The last Immortal, Hidden god shen yin
Chapter (25) part 1
...

ကျီယွဲ့တောင်တစ်ခုလုံး ရေမိစ္ဆာရဲ့ အော်ကြီးဟစ်ကျယ်ငိုသံကကြီးစိုးနေသည်။ မိုးပြိုသလိုကိုငိုယိုနေသော သူ့ပုံကတကယ်ကိုသနားစဖွယ်အတိ။ ဘေးနားကကြည့်နေတဲ့ နဂါးကြီးစန်းဟောက်ကတော့ သူ့ကိုအမြီးကကိုင်ပြီး ကိုင်ပေါက်ပစ်ချင်နေပြီ!။ ဒီကောင်ခုထိကောင်းကင်ကို အစီအရင်ပြန်မအုပ်ရသေးဘူး!။

ခေါင်းသုံးလုံးနဂါးဟာ အသက်နှစ်တစ်သောင်းခန့်ကြီးတာဖြစ်ပြီး သူ့မှာခင်တွယ်စရာဆိုလို့ ပိပေါ်ဆိုတဲ့ရေမိစ္ဆာကောင်တစ်ကောင်ပဲရှိသည်။ ဒါပေမဲ့ပိပေါ်က ငပျင်းဖြစ်ပြီး တနေကုန်ဘာမှကျင့်ကြံအားထုတ်ခြင်းမရှိပေ။ သူကရှေးနတ်ဘုရားတွေလက်ထက်ကနေဆင်းသက်လာပြီး အဆင့်မြင့်နေလို့သာ ခံသာတာဖြစ်၏။

ထပ်ပြောရရင် ရိုးရိုးမိစ္ဆာကောင်လေးကနေ နတ်တစ်ပါးရာထူးကို ပိပေါ်အဆင့်တက်ခဲ့တာ နှစ်ရာပိုင်းခန့်သာရှိသေးသည်။ အဆင့်တက်တယ်သာပြောတယ် သူ့မှာ မိုးကြိုးမုန်တိုင်းကိုဖြတ်တောက်နိုင်သောအစွမ်းလေးပင်မရှိသေး။

အစောပိုင်းနှစ်တွေကဆိုရင်တော့ စန်းဟောက်က ပိပေါ်ကိုအစိမ်းလိုက်ဝါးစားပစ်လို့တောင်ရပေမဲ့ အခုတော့ သူကပြန်ပြီး အနိုင်ကျင့်ခံရတဲ့အပြင် အမျိုးမျိုးစိတ်ကျေနပ်အောင်လည်းထားပေးနေရ၏။ အကြောင်းရင်းကတော့ ဒီငပျင်းရေသတ္တဝါရဲ့လက်ထဲမှာ ယွမ်ရှန်းနတ်ဆေးလုံးတွေပိုင်ထားလို့ပဲ။

ဆေးလုံးတစ်လုံးဆီဟာ စန်းဟောက်ရဲ့မိသားစုဝင်တွေအား နတ်မိစ္ဆာစစ်ပွဲအတွင်း အသက်မသေအောင်ကာကွယ်ပေးထားနိူင်ခဲ့သည်။

စန်းဟောက်က ဒီကျေးဇူးတရားတွေကြောင့်ပဲ ပိပေါ်ကိုနှစ်တွေအကြာကြီးစောင့်ရှောက်ပေးလာခဲ့တာ။ အခုပိပေါ်က ရှေ့မှာတွေနေရတဲ့နတ်လောကသားနဲ့ ဘယ်လိုများဆက်နွယ်နေပါလိမ့်?။

စန်းဟောက်ကတော့ သူခိုးလို့ထင်ပြီးမောင်းထုတ်ချင်ပေမဲ့ ပိပေါ်နဲ့က ရင်းနှီးနေတော့အခက်သား။ စန်းဟောက်လည်းမတတ်နိုင်တဲ့အဆုံး ကူချင်းကို မျက်စောင်းတချက်ထိုးပြီးကြည့်ရုံသာတတ်နိုင်တော့၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now