Ch-35

319 24 5
                                    

Unicode
...
Hidden god shen yin
chapter (35) Part 1
...

ပုထောင်တောင်ဟာ ဆယ့်နှစ်ရာသီမြူဆိုင်းနေတတ်တာဖြစ်ပြီး တောင်ပန်လည်မှာလည်း တသွင်သွင်စီးဆင်းနေသောမြစ်ငယ်လေးတစ်စင်းရှိသည်။ အားယင်က ကူချင်းနောက်တိတ်တိတ်လေးလိုက်လာပြီး သူဘာလုပ်မလဲဆိုတာကို သစ်ပင်အကွယ်ကနေတိတ်တိတ်လေးချောင်းကြည့်နေလိုက်၏။ ထိုချိန်ရုတ်တရက်ဆိုသလို သေးသွယ်ကျစ်လစ်သောခါးသိမ်သိမ်ဟာမြစ်ရေပြင်မှာ ဘွားခနဲပေါ်လာသည်။

ဘုရားဘုရား ငါတို့အားချင်းရဲ့အသားအရေက နတ်မင်းတစ်ပါးလိုလှလွန်းတာပဲ!။ အားယင်ဟာ လုံးဝအကြည့်မလွှဲနိုင်ဘဲ သူမရဲ့မျက်လုံးတွေကို ကူချင်းထံမှာကျောက်ချထားမိ၏။

ဒီလိုပုံစံအရိုးအဆစ်နဲ့ဖွဲ့စည်းပုံ လှပသေသပ်လွန်းသောအမျိုးသားပျိုဟာသူမကို ပျိုးထောင်ပေးခဲ့သူတဲ့လား?။ သူက တကယ့်ကို ရှေးဟောင်းရတနာတပါးလို တန်ဖိုးထားခံထိုက်တဲ့သူမျိုးပဲ။

ကူချင်းဟာအပေါ်ဝတ်ရုံကိုမလွှားသေးခင် မြစ်ရေထဲမှာအကြာကြီးစိမ်နေလိုက်သည်။ သူရုတ်တရက်ဆိုသလိုဘေးဘီကိုလှည့်ကြည့်မိတော့ သူ့ကိုဖလက်ဖလက်နဲ့ လေဆာမျက်လုံးလိုကြည့်နေသော အားယင်ကိုအလန့်တကြားတွေ့လိုက်ရ၏။

သူခဏတော့ ရုတ်တရက်လိုခံစားမိပေမဲ့ အထိတ်တလန့်ဖြစ်ဟန်တော့မပြပေ။ သို့သော် သူ့ရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေကတော့ အပေါ်ဝတ်ရုံစကို တင်းကျပ်စွာဆုပ်ထားမိသည်။

"အားချင်း, ရှင်ကတော်တော် အသားအရေကောင်းတာပဲ! ကျွန်မမြင်ဖူးတဲ့ နတ်သမီးတွေထက်တောင်မှဖြူဖွေးနေသေးတယ်။ ဒါနဲ့ ရှင်ကျွန်မကိုပေးမဲ့ နတ်သေရည်ကို ထားခဲ့သေးလား?"

အားယင်က သူ့မျက်နှာသူထိကာပြောရင်း စပ်စပ်စုစုအကြည့်တွေနဲ့အတူ အားရပါးရကြည့်နေ၏။

ဒါကြောင့် ကူချင်းလည်းမနေနိုင်တော့တဲ့အဆုံး ရှက်ယမ်းရမ်းကာ ချောင်းဟန့်လိုက်သည်။

"အရူးမလေး! မင်းဘယ်ကနေ ဒီလိုအတတ်ကောင်းတွေတတ်နေတာလဲ? မင်း...မင်းသူများရေချိုးနေတဲ့အချိန် လိုက်မချောင်းရဘူးဆိုတာ နားမလည်ဘူးလား?"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now