Ch-48

163 8 0
                                    

Zawgyi
...
Hidden god shen yin
The last immortal - ၄၈
...

"အရှင်မင်းကြီး ခုလိုယဉ်ကျေးပြဖို့မလိုပါဘူး။ အရှင့်ရဲ့မွေးနေ့အခမ်းအနားကြီးမှာ ဝင်ဆင်နွှဲခွင့်ရတာပဲကျေးဇူးတင်လှပါပြီ။ ဒါနဲ့ ဒုတိယမြောက်အကြိမ်အဖြစ် ကျွန်တော်တောင်းဆိုတာလေးကော လိုက်လျောပေးလို့ဖြစ်နိုင်မလား?။ ကျွန်တော်... အရှင်တို့ တနှစ်အတွင်းပြန်ပေးပါ့မယ်လို့ ကတိပေးထားတဲ့ အစွမ်းထက်နတ်လက်နက်ကို ပြန်လိုချင်တယ်!"

ကူချင်းရဲ့စကားဆုံးသွားတဲ့အခါ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။

တစ်နှစ်စာငှားထားတဲ့ နတ်လက်နက်?။ နတ်မှော်ထီးဆိုတာဒါလား?။ အာ့တာဆိုရင် နှစ်ပေါင်းထောင်ချီသောင်းချီကြာ သုံးလောကအရှုပ်ထွေးတွေကြားဝင်မပါခဲ့တဲ့ တာ့ကျဲတောင်က ပိုင်နျန်ကျွန်းနဲ့ဆက်ဆံရေးကောင်းရှိနေတာပေါ့။

အခု သုံ့ဟွာပိုင်တဲ့နတ်လက်နက်ကိုတောင်မှ ဥဒေါင်းငှက်တွေကိုကာကွယ်ဖို့ငှားရမ်းခဲ့သည်တဲ့လား?။ ကူချင်းရဲ့စကားအသွားအလာကိုကြည့်ရတာတော့ ကောလဟာလတချို့ကမှန်နေသလိုပင်။

အားလုံးသောနတ်လောကသားတွေက တယောက်တပြန်ကြည့်ကုန်ပြရင်းပဟေဠိဖြစ်နေကြ၏။

ဟွားမော့တောင်မှာ ကူချင်းရဲ့စကားကိုကြားတော့ကြောင်တောင်တောင် ဖြစ်သွားသေးသည်။ ဟွားရှုရဲ့မျက်နှာကတော့ သိသိသာသာကိုပျက်ယွင်းသွားပြီး တခုခုထပြောဖို့လုပ်ပေမဲ့လည်း လန်ဖုန့်ကသူမပုခုံးကိုကိုင်ကာ တားဆီးလိုက်၏။ ထို့နောက်သူမကို ခေါင်းအသာခါပြလိုက်သည်။

ဟွားမော့ကလည်း ဟွားရှုကိုစိတ်အေးအေးထားဖို့ တချက်ကြည့်လိုက်ကာ ကူချင်းဘက်ကို လေသံအေးအေးနဲ့ပြောလိုက်၏။

"အမတအရှင်ကူချင်း ပြောချင်တာက..."

ကူချင်းက ခုနကပဲစာထဲမှာ ထီးကိစ္စကိုသူမပြောတော့ဘူးလို့ရေးထားပြီးခါမှ ဘာကြောင့်ခုလိုစကားမျိုးပြောလာရတာလဲ?။

"အရှင်မင်းကြီး.."

ကူချင်းက အေးဆေးညက်ညောတဲ့အသံနဲ့ပြောလိုက်၏။

"ကျွန်တော်က ငယ်စဉ်တုန်းက ရိုင်းစိုင်းပြီးတုံးအခဲ့တယ်။ ဒါပေမဲ့ ဝူးထုံကျွန်းမှာတုန်းက မင်းသမီးဟွားရှုရဲ့ကရုဏာသက်မှုတွေကို ရရှိခဲ့တယ်လေ။ ကျွန်တောအမြဲတမ်း အဲ့ကိစ္စကို တွေးပြီးနေခဲ့တာ။ အခုမင်းသမီးတို့ပိုင်နျန်ကျွန်းဒုက္ခရောက်နေတယ်ကြားတော့ ကျွန်တော်က နတ်မှော်ထီးနဲ့ ဖီးနစ်ခေါင်းဆောင်း ဆိုတဲ့နတ်လက်နက်နှစ်မျိုးကို ငှားရမ်းပေးခဲ့တယ်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now